E N D

9.5K 773 52
                                    

(Unicode)

“ ရိပေါ် ... ဘာဖြစ်လို့လဲ။ ပြောပါဦး စိတ်ပူအောင်မလုပ်ပါနဲ့။ မားဘာဖြစ်လို့လဲဟင် ”

ပုံမှန်ဆို တက်ကြွလွန်းပြီး စကားတွေများနေတတ်တဲ့ကောင်လေးက အခုတော့ သူ့ကိုယ်ပေါ်တစ်ကိုယ်လုံးပစ်မှီလို့ ရင်ခွင်ထဲတွယ်ဖက်ထားပုံက ဆိုးရွားတာတခုခုဖြစ်လာတဲ့ပုံပင်။

“ ပါးတို့က ... ”

“ အင်း ... ”

“ စေ့စပ်ပွဲစီစဉ်ပေးထားတယ် ”

“ ဟင် ”

ဘာဖြစ်လာလဲဆိုတာ နည်းနည်းတော့ သဘောပေါက်စပြုလာတယ်။ တခွန်းပြောပြီး နားနားသွားတဲ့ရိ‌ပေါ်က ဒီကိစ္စတွေပြောပြရမှာ ခက်ခဲနေဟန်။ ဒါပေမယ့်လည်း ချွဲချင်ဟန်လေးက ပါနေသေးတယ်။

‘ကျွန်တော်ဒီလိုဖြစ်လာတယ် ကျန့်ကောကကုစားပေး နှစ်သိမ့်ပေး’လို့ ပြောနေသယောင်။

“ ပြီးတော့ ... ”

“ အင်း ... ”

“ မားက ဘာမှမဖြစ်ဘူး ”

“ လိမ်ပြီးခေါ်တာပေါ့ ဒီကို ”

“ ဟုတ်တယ်။ ပြီးတော့လေ ... ”

“ အင်းအင်း ... ”

“ ပါးတို့ကကျွန်တော်တို့နှစ်ယောက်ကိစ္စကို သိနေတယ် ”

“ အဲ့ဒါကြောင့် အခုလိုလုပ်တာပေါ့ ”

“ ဟုတ်တယ် ”

စမှီတွယ်ကာစကထက် ပိုပြီးပျော့ခွေလာတဲ့ရိပေါ်ကိုယ်လုံးက သူ့ရင်ခွင်ထဲဖရိုဖရဲရယ်။ နှစ်ယောက်လုံးက အားချင်းသိပ်မကွာတဲ့ယောက်ျားသားတွေပဲမို့ ခပ်ကြာကြာတော့ အားသုံးပြီးထွေးပွေ့မထားနိုင်။

အားသာကြီးရင် ရင်ခွင်ထဲပွေ့ချီထားချင်ပေမယ့် အခုတော့အဲ့လိုမလုပ်နိုင်ပဲ နီးစပ်ရာမွေ့ယာပေါ် ထိုင်ခိုင်းရတယ်။ အခန်းထဲဝင်ဝင်ချင်းဖက်တွယ်လာတာကြောင့် အကြောင်းစုံကတော့ အခုမှပင်သေချာသိရတာဖြစ်တယ်။

If I Can't Have You [COMPLETED]Where stories live. Discover now