3.3

4.7K 710 42
                                    

(Unicode)

“ ကျန့်ကျန့် မင်းသိပ်ကိုမှားနေပြီ ”

တခါမှဝေဖန်ဖူးခြင်းမရှိတဲ့ ကျဲရဲ့အမျိုးသားကဝင်ပြောလာတာမို့ ရှောင်းကျန့်ကအံ့ဩသွားရတယ်။ ကျဲနဲ့ခင်ပြီးမကြာတဲ့အချိန်မှာ ‌ကျဲကသူမအမျိုးသားနဲ့မိတ်ဆက်ပေးခဲ့တယ်။ ပျော်ရွှင်စွာနေတတ်ပြီးသဘောထားကြီးတတ်တဲ့ကျဲလိုလူမျိုးနဲ့ သိပ်ကိုမှလိုက်ဖက်တဲ့လူမျိုးပေါ့။

အကိုကြီးတစ်ယောက်လိုမျိုး ရှောင်းကျန့်ကိုစကားပြောဆိုလေ့ရှိပေမယ့် အခုလိုမျိုး မှားနေပြီဆိုတာမျိုး ဝေဖန်ထောက်ပြလာခြင်းမျိုးကတော့ တခါမှမရှိဖူးပေ။

“ သူ့အနားမှာနေဖို့ ကျွန်တော့်အတွက် ဒီတစ်နည်းပဲရှိတာလေ ကော ”

“ မင်းအချစ်ကိုအချစ်မဟုတ်ဘူးလို့သူကပြောတယ်မလား။ အဲ့လိုဆို မင်းအချစ်ကအချစ်ဖြစ်ကြောင်း အချစ်ဟုတ်ကြောင်း သူနားလည်အောင်သက်သေပြရမယ်လေ။ ပြီးတော့ သူရှိမှ မင်းပျော်ရွှင်နိုင်မယ်ဆိုတာကိုရောပဲ ”

“ မဟုတ်ဘူးကောရယ်။ ကောမသိပါဘူး။ အဲ့လိုတွေလုပ်ပြရင် ရိပေါ်ကကျွန်တော့်ကိုသနားစရာကောင်လို့မြင်သွားမှာ။ ပြီးရင် ကျွန်တော့်အဖွားဆုံးတုန်းကလိုမျိုး သူပြန်မချစ်နိုင်တဲ့ ကျွန်တော့်ရဲ့သနားစရာအခြေအနေမှာ သူကဘေးမှာနေပေးလာဦးမှာ။ စာနာသနားတာတွေ ကျွန်တော်မလိုချင်ဘူးကော ”

စိတ်ပြေလက်ပျောက်ဖြစ်အောင် ရှောင်းကျန့်ကိုခေါ်ပြီးထွက်လာတဲ့ခရီးအတိုလေးက အခုလိုအငြင်းအခုံလုပ်ခြင်းနဲ့ပဲ နှစ်ပါးသွားနေရတယ်။ ဘီယာတစ်ဘူးကိုင်ထားတဲ့ကျဲက ဝင်ရောက်ပြောဆိုလာခြင်းမရှိပဲ သူတို့နှစ်ယောက်ကိုပဲ အသာငြိမ်ပြီးကြည့်နေတယ်။

“ စာနာသနားတာမျိုးမဟုတ်ရင်ရော။ သူကမင်းကိုချစ်နေတယ်ဆိုရင်ရော မင်းအဲ့လိုမျိုး တခါမှမတွေးကြည့်ဘူးမလား ”

“ တွေးစရာမလိုတဲ့အချိန်မို့ မတွေးတာပေါ့ကောရဲ့။ ရိပေါ်က ကျွန်တော့်ကိုမချစ်ပါဘူး။ အခုတောင် ကောကိုတောင်းပန်ပါရဲ့ ကျဲနဲ့ကျွန်တော်ချစ်သူတွေပါလို့ ရိပေါ်ကိုပြောထားလို့ သူကအနားမှာပြန်နေပေးနေတာ ”

If I Can't Have You [COMPLETED]Where stories live. Discover now