1.2

5.4K 766 31
                                    

(Unicode)

" မြန်မြန် မြန်မြန် "

ရုပ်ရှင်စဖို့ဘယ်လောက်မှမလိုတော့တဲ့အချိန်ကလေးမှာ ကျန့်ကောဆီသူရောက်တယ်။ ဘာရုပ်ရှင်လဲမမေးအားနေ။ ကျန့်ကောဆွဲခေါ်တဲ့နောက် အသာလိုက်ရတယ်။

" ကျန့်ကော တောင်းပန်ပါတယ်။ ကျွန်တော် အလုပ်များနေတာနဲ့ ကျန့်ကောပို့ထားတာတွေမမြင်မိလိုက်ဘူး "

" ရတယ် ရတယ် အခုလည်းမှီလာတာပဲဟာ။ ရော့ အအေးသောက်လိုက်ဦး။ ဘာလို့ပြေးလာတာလဲ ချွေးတွေချည်းပဲ "

ကျန့်ကောဝယ်ပေးထားတဲ့အအေး။ မသောက်ရသေးတာတောင် အဲ့ဒီအသိနဲ့စိတ်ထဲမှာအေးရတယ်။ မောတယ်လို့ကိုမထင်တော့ပါ။

" ဘာကားလဲ "

" အက်ရှင်ကားကြည့်ချင်ပေမယ့် မင်းလာမယ်အချိန်နဲ့တိုက်ဝယ်လိုက်တော့ အချစ်ကားပဲရတော့တယ် "

မကြည့်ချင်တာမကြည့်ရလို့ထင်တယ်။ နှာခေါင်းတချက်ရှုံ့ပြီး နှုတ်ခမ်းကိုမဆိုစလောက်စူပစ်တယ်။ ဒီလိုမှန်းသိ မနက်ဖြန်အပြီးပေးရမယ့်အလုပ်ကို လုပ်ကိုမနေပါဘူး။

ကျန့်ကောကိုပြန်ကြည့်လိုက်တော့ ရုပ်ရှင်ကိုအာရုံစိုက်နေတာမြင်လိုက်ရတယ်။ မျက်မှန်နောက်ကမျက်ဝန်းတွေ နှာတံစင်းစင်း နှုတ်ခမ်းပါးပါး။ ပြီးတော့ ခုံပေါ်တင်ထားတဲ့ လက်ရှည်ရှည်သွယ်သွယ်။ လက်ကိုကိုင်ချင်သလို ကျန့်ကောကိုလည်းနမ်းချင်မိတယ်။ ဒါပေမယ့်လည်း ... ။ အတွေးတွေကိုဒီလောက်နဲ့တင် ဘရိတ်အုပ်ရပါတယ်။

ရုံထဲမျက်လုံးဝေ့ကြည့်တော့ အတွဲတွေသာပြည့်နေလေတယ်။ သူတို့အနောက်တန်းမှာ လူသိပ်မရှိပဲ အလယ်တန်းနဲ့အရှေ့တန်းမှာသာ လူတွေပြည့်နေတယ်။ အနောက်က ပုန်းလျှိုးကွယ်လျှိုးလုပ်လို့ရတာမလား။ ဘာလို့ အနောက်မယူပဲအရှေ့ပဲယူကြတာလဲ။

ရုပ်ရှင်ရဲ့ဇာတ်ရှိန်မြင့်အခန်းတွေရောက်လာတော့ အတွဲတွေကထုံးစံအတိုင်း လုပ်ငန်းစကြတယ်။ အတွဲတိုင်းမဟုတ်ရင်တောင် တော်တော်များများက မျက်နှာတွေပူးကပ်ကုန်တယ်။ အဲ့လိုတွေတွေ့ရင် အူမြူးရမယ့်အစား စိတ်ကိုသာတခုခုက လာဖိစီးပါတယ်။

If I Can't Have You [COMPLETED]Where stories live. Discover now