Chapter 2

5.2K 706 8
                                    

(Unicode)

သူ့ငယ်ဘဝကိုပြန်စဉ်းစားလို့ အဖေနဲ့အမေနှစ်ယောက်ထဲမှာ ဘယ်သူ့ကိုပိုချစ်လဲဆိုတဲ့ တခြားကလေးတွေအတွက် ဖြေရခက်တဲ့မေးခွန်းတွေ အဲ့ဒီတခြားကလေးတွေလိုပဲ သူလည်းအမေးခံခဲ့ရဖူးတယ်။

ပြန်စဉ်းစားတော့ သတိရတာက သူကတခြားကလေးတွေလို တုံ့ဆိုင်းနေခြင်းမရှိပဲ အဖေ့ကို‌ပိုချစ်တာလို့ တက်တက်ကြွကြွဖြေခဲ့ဖူးတယ်။ အဖေက ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီးတော့ အဖေ့ဘဝမှာလုပ်ခဲ့သမျှအရာတွေမှန်သမျှ လူကျင့်ဝတ်နဲ့အညီမှန်ကန်တယ်ဆိုတာတွေချည်းပဲ။

အဖေကစည်းကမ်းရှိပြီး တင်းကြပ်တယ် ခေါင်းလည်းမာသေးတယ်။ လူတိုင်းက သူနဲ့အလုပ်တွဲလုပ်ရတာ စည်းစနစ်ကြီးလို့သေလောက်အောင်ပင်ပန်းတယ်လို့ ညည်းညူတတ်ကြပေမယ့် သူကတော့ အဖေ့ရဲ့အဲ့ဒီလိုပုံစံကို သဘောအကျဆုံးပဲ။ သူ့ဘဝတစ်လျှောက်လုံးမှာ အဖေကသူ့အတွက် အလေးစားရဆုံးပုဂ္ဂိုလ်အဖြစ်ရှိနေမှာလို့ တွေးမိတဲ့အထိပဲ။

သူမူလတန်းရောက်တဲ့အချိန် သူတို့အိမ်ဘေးက သူ့ထက်နှစ်နှစ်ပဲကြီးတဲ့အကိုက အိမ်ပြောင်းသွားခဲ့တယ်။ အဲ့တုန်းကဆို သူငိုတာသည်းသည်းထန်ထန်ပဲ။ အချိန်တွေ ရက်တွေမသိပဲ အခန်းအောင်းပြီးနေ့စဉ်ရက်ဆက်ငိုတဲ့အထိ။ ငိုလွန်းလို့ သူ့ရင်ဘတ်တွေပါ အောင့်တက်လာတဲ့အထိ။

ဆက်မငိုနိုင်‌တော့ကာမှ အခန်းထဲကထွက်လို့ အောက်ထပ်ဆင်းလာတဲ့အချိန် အဖေနဲ့အမေပြောတဲ့စကားတွေကြားခဲ့ရတယ်။ ဘာလို့အဲ့‌လောက်ထိသူငိုမိရတာလဲဆိုတဲ့အမေးအတွက် အဖြေကိုလည်းရှင်းလင်းစွာရခဲ့တယ်။

" ရိပေါ် ဘယ်လိုနေသေးလဲ "

အဖေ့ရဲ့အမေးနောက်မှာ အမေ့ရဲ့အဖြေက ချက်ချင်းဆိုသလိုထွက်လာတယ်။

" ငိုနေတုန်းပဲ အခုထိအခန်းထဲကထွက်မလာသေးဘူး "

" တစ်ပတ်တောင်ရှိတော့မယ် ငိုနေတုန်းလား "

" ယောက်ျား ရှင်မထင်ဘူးလား။ သားလေးက အဲ့ဒီကလေးကိုချစ်နေတယ်လို့ "

အမေ့ရဲ့စကားနောက်မှာသူ့မျက်ဝန်းတွေပြူးကျယ်သွားခဲ့တယ်။ တခါမှမဖြစ်ဖူးတဲ့အဲဒီခံစားချက်တွေက
တကယ်ပဲ အမေပြောသလိုလား။ တုန်ရီသွားတဲ့ရင်က ကြောက်ရွံ့မှုကြောင့်ဟုတ်မနေတာတော့ သေချာခဲ့တယ်။

If I Can't Have You [COMPLETED]Where stories live. Discover now