4.2

4.4K 610 19
                                    

(Unicode)

ရိပေါ်က ကျန့်ကောနဲ့အေးဆေးနေနိုင်အောင် တစ်ရက်အပြင်ခွင့်ထပ်ယူချင်ပေမယ့် ဟွမ်ကောကခွင့်မပေးလာချေ။ သူ့လူနဲ့အဆင်မပြေဖြစ်နေတဲ့နောက် ဟွမ်ကောက ရိပေါ်ရဲ့အဆင်ပြေမှုကိုပါ မျက်စောင်းခဲနေလျက်ရှိတယ်။

ဒါကနည်းနည်းလေးတော့ ဝမ်းနည်းဖို့ကောင်းလှတယ်။

“ အလုပ်မသွားချင်ဘူး ကျန့်ကောရယ် ”

တကယ်က ရိပေါ်တင်မဟုတ်ပဲ ကျန့်ကောပါအလုပ်သွားရမှာဖြစ်တယ်။ ဒါကိုပဲရိပေါ်က သူတစ်ယောက်တည်းပဲ အလုပ်သွားရမလိုပုံစံနဲ့ ကျန့်ကောခါးကိုဖက် ရင်ဘတ်မှာခေါင်းအပ်လို့ ချွဲနွဲ့နေလျက်ရှိတယ်။

“ လွှတ်ဦးခွေးပေါက်လေးရာ။ ကော မင်းအတွက် မနက်စာလုပ်ပေးနေတယ်လေ။ ထမင်းဘူးပါပြင်ပေးလိုက်မယ် ”

ရိပေါ်က ကျန့်ကောစကားတစ်ခွန်းရယ်ပါ။ အခုလည်း ဘာမှအထွန့်မတက်တော့ပဲ လက်နှစ်ဖက်ကိုလွှတ်ကာ ထမင်းစားပွဲမှာစူပုတ်စွာပဲဆက်ထိုင်နေလိုက်တယ်။

မနက်စာအပြင် ထမင်းဘူးပါလုပ်ရလို့အလုပ်ရှုပ်နေလေတဲ့ ကျန့်ကောရဲ့နောက်ကျောပြင်ကတော့ ရိုးရှင်းပေမယ့်လည်း လွန်စွာမှကြည့်လို့ကောင်းလှတယ်။

ပြီးပြည့်စုံလှတဲ့မနက်ခင်းလေးပဲ။

ပျင်းရိပျင်းတွဲအမူအယာကနေ ချက်ချင်းဆိုသလိုပဲ ရိပေါ်ကတက်တက်ကြွကြွလေးဖြစ်သွားရတယ်။ ပြီးပြည့်စုံလှတဲ့မနက်ခင်းလေးပဲဆိုတဲ့အတွေးတွေက ရိပေါ်နှုတ်ခမ်းကိုကော့ညွှတ်သွားစေတယ်။

“ မြန်မြန်စားတော့ အလုပ်နောက်ကျမယ် ”

ရိပေါ်ရှေ့မှာ မနက်စာအဆာပြေအတွက် ဗိုက်ဝပြီးအားအင်ဖြစ်စေတဲ့အစားအစာတွေ အပြည့်တည်ခင်းပေးလာတယ်။ သူ့တုန်းကလို ပေါင်မုန့်မီးကင်ကိုယိုသုတ်ပြီး နို့တစ်ခွက်လောက်နဲ့တင်ပြီးတဲ့ လွယ်ကူတဲ့မနက်စာမျိုးမဟုတ်ပဲ အခုမနက်စာက အသေးစိတ်လှတယ်။

“ အတူတူစားမယ်လေ ” 

“ ဒါဆို ခဏစောင့်။ ထမင်းဘူးပြင်လို့ပြီးတော့မယ် ”

If I Can't Have You [COMPLETED]Where stories live. Discover now