Chapter 5

4.4K 596 17
                                    

(Unicode)

နှစ်ယောက်အတူဆိုတဲ့စကားလုံးက ရိုးရှင်းပေမယ့် ကြည်နူးဖွယ်ဆိုတာ ရိပေါ်ကအခုနောက်ပိုင်း ပိုလို့ပင်သိလာရတယ်။ တဖဝါးမှပင်ခွာမနေချင်တဲ့နောက်မှာ ရိပေါ်လုပ်မိသည်က သူ့တိုက်ခန်းကိုရောင်းပစ်ဖို့လုပ်ပြီး ကျန့်ကောတိုက်ခန်းမှာအတူနေကာ တိုက်ခန်းရောင်းလို့ရလာတဲ့ငွေကိုတော့ သူတို့နှစ်ယောက် ရုံးသွားရုံးပြန်အဆင်ပြေဖို့ ကားတစ်စီးလောက်ဝယ်ပစ်လိုက်မယ်လို့ စဉ်းစားထားဖြစ်တယ်။

အရွယ်ရောက်သူဖြစ်လင့်ကစား မိဘဆီကလက်ဖြန့်တောင်းတာမျိုး ရိပေါ်ကမလုပ်တတ်။ ကျန့်ကောကလည်း ကိုယ်ထူကိုယ်ထသမားပင်။

သူက မိဘတွေနဲ့အနေဝေးတယ်။ ကျန့်ကောက သူ့ထက်ပိုဆိုးတယ်။ မိဘတွေနဲ့အနေစိမ်းတယ်။ အိမ်ထောင်အသီးသီးပြုထားပြီးတဲ့မိဘတွေကလည်း ကျန့်ကောကိုသိပ်ဂရုမစိုက်သလို ကျန့်ကောကလည်း မိဘတွေဆီ ဘယ်သောအခါမှပင် အသနားမခံခဲ့။

အဲ့တော့ အခုတိုက်ခန်းရောင်းဖို့ကိစ္စမှာ ရိပေါ်က သူ့လုပ်ဖော်ကိုင်ဖက် နီးစပ်ရာလူတွေထဲ ပွဲစားရှိသလားရှာပြီး အဆင်ပြေသလိုလုပ်ပစ်လိုက်ဖို့ဆိုပေမယ့် ကျန့်ကောကကျ သူ့ကျဲတို့လင်မယားလက်ထဲ ဒီကိစ္စကိုအပ်ထားချင်တယ်လို့ ပြောလာခဲ့တယ်။

အတော်အသင့်ကျယ်တဲ့ ရိပေါ်ရဲ့တကိုယ်ရေတကာယတိုက်ခန်းကို ကျန့်ကောရဲ့ကျဲက ပြန်ဝယ်ချင်တယ်လို့လည်းသိရတယ်။ အဲ့လိုနဲ့ပဲ ဒီတပတ်ရဲ့ရုံးပိတ်ရက်မှာ သူတို့နှစ်ယောက် ကျန့်ကောအဖေရဲ့အိမ်ဆီ ရောက်လာကြတော့တယ်။

ရွှမ်လုကျဲတို့လင်မယားနှစ်ယောက်က ယောက္ခမတွေနဲ့အတူနေကြတာဆိုတော့ အဖေနဲ့မျက်နှာချင်းမဆိုင်ချင်တဲ့ ကျန့်ကောကြောင့် သူ‌တို့နှစ်ယောက်က ကျန့်ကောအဖေမရှိတဲ့အချိန် ရွေးလာခဲ့ကြတယ်။

“ ကျွန်တော် ဒီအိမ်ကိုမလာချင်မှန်းသိရက်နဲ့ ကျဲကဒီအိမ်ကိုချိန်းလိုက်တာ တကယ်မကောင်းဘူး ”

ကျဲက ကျန့်ကောစကားကို အသည်းယားဟန်ပြုံးလေတယ်။ ကျန့်ကောစကားတွေကတဆင့် သိခဲ့ရတဲ့ကျဲကို ခေတ်မှီပြီး အနည်းငယ်ဟော့မယ်လို့ထင်ထားမိပေမယ့် တကယ်တမ်းမျက်နှာချင်းဆိုင်ရတဲ့အချိန်ကျ သူ့အတွေးတွေမှားမှန်းသိလိုက်တယ်။

If I Can't Have You [COMPLETED]Where stories live. Discover now