Chapter 3

4.3K 636 12
                                    

(Unicode)

ငယ်ဘဝမှာစိတ်ဒဏ်ရာရခဲ့တဲ့ကလေးက ပျော်ရွှင်မှုတွေဆိတ်သုန်းတဲ့လူကြီးတစ်ယောက်ဖြစ်လာနိုင်တယ်။ ရှောင်းကျန့်ရဲ့ငယ်ဘဝကသိပ်ကိုဆိုးတယ်။

မချစ်မနှစ်သက်ပဲယူထားကြတဲ့ မိဘတွေ။ အောင်မြင်တဲ့စီးပွားရေးသမားဖြစ်တာနဲ့အညီ သူကျရှုံးတာကိုမလိုချင်တဲ့အဖေ။ အောင်မြင်အောင်မကြိုးစားနိုင်လို့ သူ့ကိုစိတ်တိုတဲ့အမေ။

“ ဒီတခါလည်းအဆင့်ကျတာပဲ ကြည့်ရတာ မင်းရဲ့မပြည့်စုံမှုတွေက ကလေးဆီရောက်သွားတာဖြစ်မယ် ”

အဖေကအဲ့ဒီစကားတွေကို လေသံအေးအေးနဲ့ပြောတဲ့နေရာမှာသိပ်ကိုကျွမ်းကျင်တဲ့လူတစ်ယောက်ပဲ။ အေးစက်တယ်။ စကားပြောပြတ်တယ်။ ပြီးတော့ ရှောင်းကျန့်ကိုမချစ်ဘူး။

နံရံအကွယ်ကနေချောင်းနေတဲ့ နံရံကိုကုပ်တွယ်ထားတဲ့ရှောင်းကျန့်လက်ကလေးတွေ တုန်ယင်သွားရတယ်။ အဆင့်သုံးကနေ အဆင့်ငါးကိုကျသွားတဲ့အပေါ် အဖေကအပြစ်ကြီးတစ်ခုလိုမြင်တယ်။

“ ရှင်ဘယ်လိုပြောလိုက်တာလဲ!! ကလေးကအဲ့လိုဖြစ်နေတာ ကျွန်မအပြစ်ချည်းပဲ‌ထင်နေလို့လား။ ရှင့်ကြောင့်ပဲလေ ... ရှင့်ကိုမချစ်ပဲယူထားရလို့ ကလေးကပါအဲ့လိုဖြစ်နေတာပဲ။ ကျွန်မအမှားတခုမှမရှိဘူး ”

“ ငါကလည်း ကလေးကြောင့်မဟုတ်ရင် မင်းကိုလက်ထပ်မယ်ထင်နေလား ?! တညတာအမှားလေးကြောင့် ငါ့တဘဝလုံးနစ်မွန်းခဲ့တာ ”

တစထက်တစပြင်းထန်လာတဲ့စကားသံတွေကြားမှာ ရှောင်းကျန့်ဆိုတာ သူတို့အတွက် ဆင်ခြေတစ်ခုသာသာ။ သူသာမရှိရင် အဖေနဲ့အမေလည်း ဒီလိုစိတ်ပျက်စရာအိမ်ထောင်ကြီးကို သယ်ပိုးထားရမယ်မထင်ဘူး။

ငါ့ကြောင့်ဆိုတဲ့စိတ်က ရှောင်းကျန့်ကိုဖိစီးတယ်။

အခန်းထဲကိုပြန်ပြေးတယ်။ ကုတင်ပေါ်ကိုတက်လို့ နားနှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်အုပ်ထားပြီး ဧည့်ခန်းထဲကစကားသံတွေကို နည်းနည်းမဖြစ်မကြားရအောင် ကြိုးစားလိုက်တယ်။ ငိုကြွေးမှုကြောင့် ကျောပြင်လေးကတုန်တုန်ရီရီ။

If I Can't Have You [COMPLETED]Where stories live. Discover now