5.2

4K 576 11
                                    

(Unicode)

မားနေမကောင်းတဲ့အရေးမို့ အမြန်သွားချင်ပေမယ့် အလုပ်ကိစ္စတွေကမပြီးပြတ်သေးချေ။ လုပ်စရာရှိတာတွေအကုန်လုပ် အပ်စရာရှိတာတွေအကုန်အပ်ထားပြီးမှ အလုပ်ကို ခွင့်တစ်ပတ်တင်လိုက်တယ်။

ထွေထွေထူးထူးတော့မမေးကြပေမယ့် ဟွမ်ကောနဲ့ရှိုမင်ကတော့ မားအတွက်ဆိုပြီး လက်ဆောင်ပစ္စည်းတွေဝယ်ပေးဖို့လုပ်နေလို့ မနည်းတားထားရသေးတယ်။

ဘေကျင်းကနေ လော့ရန်ကို ၈နာရီလောက်ကြာတဲ့ခရီးမှာ မိဘတွေဆီ သက်ဆိုင်သူကို သွားမိတ်ဆက်ပေးမယ့်အရေးလိုမျိုး စိတ်တွေကတော့လှုပ်ရှားနေတာပါပဲ။ မိတ်ဆက်ပေးမယ်လေလို့ပြောမိပေမယ့် ငယ်ငယ်ကတည်းကကျန့်ကောကိုခါးသီးခဲ့တဲ့ သူ့ရဲ့မိဘတွေဆီ ကျန့်ကောကမျက်နှာမပြချင်။

အချိန်တွေရှိပါသေးတယ်ဆိုတဲ့တစ်ခွန်းတည်းနဲ့ ကျန့်ကောကရောင့်ရဲနေနိုင်တယ်။ ဒါပေမယ့် သူသိတာပေါ့ အနည်းဆုံးတော့ သူ့မိဘတွေဆီကခွင့်ပြုချက်ကို ကျန့်ကောလိုချင်တယ်ဆိုတာ။

ဒါပေမယ့်လည်း ရိပေါ်က ကျန့်ကောကို အတင်းအကြပ်မလုပ်နိုင်သေးပါ။ ကျန့်ကောဘက်က အချိန်တွေရှိပါသေးတယ်လို့ပြောလာခဲ့ရင် သူကလည်း ကျန့်ကောရဲ့ စကားအတိုင်းပါပဲ။

“ ကျန့်ကော ဒီတည်းခိုဆောင်အဆင်ပြေရဲ့လား ”

“ ပြေတာပေါ့ အရင်တည်းက ဒီတည်းခိုဆောင်က ဒီမြို့မှာနာမည်ကြီးတာပဲကို။ ရေပူစမ်းအတုတောင်ရှိသေးတယ်လေ ငါ့အကြိုက်ပဲ ”

စကားကိုပုံမှန်အတိုင်းဖြစ်အောင် ကျန့်ကောကပြောနေသလိုလို့ သူကခံစားနေရလေတယ်။ တည်းခိုဆောင်မှာထားသွားပြီး ထွက်မသွားချင်တာမို့ ကျန့်ကောအနားမှာ သူကယောင်လည်လည်။

“ ညဘက်ပြန်အိပ်ချင်တာ။ ဒါပေမယ့် ပြန်ထွက်လို့ရမယ်မထင်ဘူး မနက်ဖြန်မှတွေ့ရမှာ ”

“ အဆင်ပြေပါတယ်ဆို သွားတော့လေ အခုပဲညနေစောင်းတော့မယ် ”

“ အင်း ဒါဆိုသွားတော့မယ် ဂရုစိုက်ဦး။ ဝန်ဆောင်မှုပဲယူနော် အပြင်ထွက်ပြီးတစ်ယောက်တည်းမစားနဲ့ စိတ်မချလိုက်တာဗျာ ”

If I Can't Have You [COMPLETED]Where stories live. Discover now