Unicode❣️
တစ်နေကုန်အဝတ်စိုနဲ့နေထားသောကြောင့်ညရောက်တော့ဖေးယွီတစ်ယောက်ဖျားလေပြီ။လော်ယွင်ရှီးဆိုသည်မှာလည်းသူ့စကားနားမထောင်သောကောင်ဆိုးလေးကိုဆူလည်းဆူရင်းအဖျားပျောက်အောင်လည်းပြုစုပေးနေရလေသည်။
"ပြောစကားမှနားမထောင်တာ ခုကြည့် ဖျားနေပြီ မနက်ကျဆေးရုံသွားရမယ်"
"ဒီအတိုင်းအအေးပတ်ပြီးဖျားရုံပါကိုကိုရယ် ဆေးရုံသွားဖို့မလိုပါဘူး ဆေးသောက်ရုံနဲ့ပျောက်ပါတယ်"
"မနက်ကျကိုယ်ပူမကျရင်တော့သွားရမယ် "
"ဟုတ်ကဲ့ပါကိုကိုရယ် ကျွန်တော်မသက်သာရင်ပြောပါ့မယ် ခုတော့ကျွန်တော်အရမ်းအိပ်ချင်နေပြီ"
"အင်း..အိပ်တော့ ဒီနေ့ငါမင်းကိုစောင့်ပေးမယ်"
ဖေးယွီရောက်လာပြီးကတည်းကသူ့အခန်းကိုထိုကောင်လေးကိုပေးကာပါးပါးတို့နေသွားတဲ့အခန်းမှာလော်ယွင်ရှီးပြောင်းနေနေရသည်။
ဒီညတော့ဒီကောင်လေးနေမကောင်းတာ
ကြောင့်အနားမှာနေပေးဖို့ဆုံးဖြတ်လိုက်သည်။ဆေးအရှိန်ဖြင့်ဖေးယွီကတော့အိပ်ပျော်နေလေပြီ။ယွင်ရှီးလည်းဖေးယွီဘေးနားမှာလဲှလိုက်ကာအနားယူမိသည်။တစ်နေကုန်အလုပ်လုပ်ထားရတာကြောင့်ခဏလေးနဲ့ပင်အိပ်ပျော်သွားလေသည်။အိပ်ပျော်နေတုန်းတစ်ယောက်ယောက်ကတင်းကြပ်နေအောင်ဖက်ထားသလိုခံစားရတာကြောင့်လော်ယွင်ရှီး၏မျက်လုံးတို့ပွင့်လာခဲ့သည်။
ဖေးယွီကသူ့ကိုဖက်ထားတာပဲ...ဖက်ထားသောလက်တွေကိုဖယ်ပေမဲ့နည်းနည်းတောင်ရွေ့မသွား။ဒီကောင်လေးအားတော်တော်ရှိတာပဲ။နိုးသွားမှာလည်းစိုးတာကြောင့်အသာလေးရုန်းကြည့်တော့လဲမရ။ထို့နောက်လှုပ်လို့မရအောင်ပိုပြီးတင်းတင်းကျပ်ကျပ်ဖတ်လိုက်သောဖေးယွီ...သူ့တစ်ကိုယ်လုံးကဖေးယွီရင်ခွင်ထဲမှာမြုပ်နေလေသည်။
ဘေးနားမှလှုပ်စိလှုပ်စိဖြစ်နေသောကိုကို့
ကြောင့်ဖေးယွီနိုးသွားကာသူ့လက်တွေကိုဖယ်နေတဲ့ကိုကို့ကိုလှုပ်လို့မရအောင်ပိုပြီးတင်းတင်းကြပ်ကြပ်ဖက်လိုက်ရင်းရင်ခွင်ထဲမှလူကြီးလေး၏လည်ပင်းနားကိုကပ်ကာလေသံတိုးတိုးလေးဖြင့်