Unicode❣️
ချန်အိမ်တော်၏အဓိကလူဖြစ်သည့်ဖိုးဖိုးမွေးနေ့ပွဲမှာရင်းနှီးသည့်ဆွေမျိုးမိတ်ဆွေများ
နှင့်စီးပွားရေးပါတနာများပါလာရောက်ကြသည်မို့ပွဲကလူတော်တော်စည်လှသည်။ပွဲစကတည်းကချန်ဖေးယွီမှာဖိုးဖိုးဘေးရပ်ပြီးဖိုးဖိုးမိတ်ဆက်ပေးသမျှလုပ်ငန်းရှင်တွေကိုတစ်ယောက်ချင်းမနားမနေနှုတ်ဆက်နေရသည်။"ဖိုးဖိုး Happy birthday"
လူမရောက်ခင်အသံကစူးကနဲထွက်လာသည်
နှင့်သူ့ရဲ့နှစ်ယောက်မရှိတဲ့ချစ်လှစွာသောအစ်မဖြစ်သူချန်မေ့ရာရောက်လာပြီဖြစ်ကြောင်းချန်ဖေးယွီသိလိုက်သည်။တွေးနေရုံရှိသေး..Luggageတစ်လုံးကိုလည်းလက်တစ်ဖက်ကဆွဲထားပြီးကျန်လက်တစ်ဖက်မှာလည်းဘူးတစ်ဘူးကိုင်ကာဖိုးဖိုးနဲ့သူတို့ရပ်နေသည့်နေရာသို့တစ်လှမ်းချင်းလှမ်းလာလေသည်။"လေယာဥ်ချိန်အပြောင်းအလဲရှိသွားလို့နောက်ကျသွားတယ် Sorryနော်ဖိုးဖိုး ဒီမှာPresent!!"
လက်ထဲမှဘူးကိုဖိုးဖိုးဆီသို့ပေးလာတော့
"အိုးး ကျေးဇူးပါမြေးမလေး "
"ရာရာ မားမားကစောင့်နေတာ"
"သမီးဖုန်းဆက်ထားတယ်လေ နည်းနည်းနောက်ကျမယ်လို့"
"ဪ..ဒါနဲ့မိတ်ဆက်ပေးရအုံးမယ် ကျွန်မသမီးချန်မေ့ရာလေ မှတ်မိတယ်မလား ဟင်းဟင်း သမီးကခုဆိုကနေဒါမှာကျောင်းသွားတက်နေတာ နောက်ဆုံးနှစ်တောင်ရောက်ပြီလေ"
ထုံးစံအတိုင်းဒေါ်လေးကတော့သူ့သမီးကိုဖိုးဖိုးဘေးတွင်ရှိနေကြသောလုပ်ငန်းရှင်များနှင့်မိတ်ဆက်ပေးနေလေသည်။
"ဥက္ကဋ္ဌကြီးတို့ကတော့တော်တဲ့မြေးတွေရထားတာဆိုတော့ဂုဏ်ယူနေမှာပဲနော် ဒါနဲ့ဖေးယွီကရောဘယ်ကျောင်းတက်ဖို့စဥ်းစားထားလဲ"
ဖိုးဖိုးနှင့်ရင်းနှီးသောဟန်လုပ်ငန်းစုမှသူေဋ္ဌးကပြောတော့ဖေးယွီပြန်မပြောခင်ဖိုးဖိုးက
"ယွီအာကိုတော့သူစိတ်ကြိုက်ကျောင်းမှာတက်စေချင်တာ ယွီအာကနဂိုကတည်းကတော်တော့ဘယ်နေရာရောက်ရောက်အဆင်ပြေမှာပဲလေ "