"14"

561 52 2
                                    

Unicode❣️

"မောင့်ကိုစိတ်မဆိုးစေချင်ရင်တစ်ခုတော့လိုက်လျောပေး"

"ဘာကိုလိုက်လျောပေးရမှာလဲဟင်"

"မောင်နဲ့တစ်ခန်းတည်းအတူတူအိပ်ရအောင် နော်"

"မောင်နော်.."

"မောင်ကဒီအတိုင်းယွင့်ကိုမောင့်ရင်ခွင်ထဲ
ထည့်ပြီးအိပ်ချင်လို့ပါ မောင့်ရဲ့ယွင်လေးကဘာတွေတွေးနေတာလဲ"

ဖေးယွီရဲ့စနောက်မှုကြောင့်လော်ယွင်ရှီးမှာနားရွက်လေးတွေရဲပြီးရှက်ရပြန်သေးသည်။

"ဘာ ဘာမှမတွေးပါဘူးနော် "

"ဟုတ်လို့လား မသိပါဘူး မောင်ကယွင်များမောင်နဲ့..."

"တော်ပြီကွာ သွားတော့မယ်"

ဆက်ပြီးစနေသေးသည့်ဖေးယွီကြောင့်ရှက်ရမ်းရမ်းကာယွင်ရှီးတစ်ယောက်ဆိုဖာပေါ်မှထသွားလေတော့သည်။

"ဘယ်ကိုသွားတာတုန်းယွင်ရဲ့"

ရယ်ကျဲကျဲဖြင့်လှမ်းမေးသည့်ဖေးယွီရဲ့အမေးကိုအခန်းထဲမှ

"အခန်းထဲကပစ္စည်းတွေရွှေ့မလို့
လူဆိုးကောင်ရေ လာကူသယ်အုံး"ဆိုပြီးပြန်အော်လေသည်။ဖေးယွီလည်းသူ့အကြံအောင်ပြီဖြစ်၍ပြုံးဖြီးဖြီးဖြင့်အခန်းထဲသို့လိုက်ဝင်သွားလေသည်။(ပစ္စည်းတွေကူသယ်မလို့နော် မှောင်မနေကြနဲ့အုံး :-\ )

ဒီလိုနဲ့ပဲချစ်ရတဲ့ယွင့်ကိုရင်ခွင်ထဲထည့်သိပ်ဖို့အခွင့်အရေးကျွန်တော့်မှာရှိလာတော့သည်။ပထမဆုံးအကြိမ်အတူတူအိပ်တာမဟုတ်ပေမဲ့လည်းခုလိုယွင့်ကိုရင်ခွင်ထဲထည့်ကာအိပ်ရသဖြင့်အရမ်းကိုပျော်နေမိသည်။တစ်ညလုံးလဲအိပ်မပျော်ဘဲအပျော်လွန်နေသဖြင့်ရင်ခွင်ထဲမှယွင့်ရဲ့အဆူလည်းခံလိုက်ရသေးသည်။ဒါပေမဲ့လည်းကျွန်တော်အရမ်းကိုပျော်နေပါသည်။

နောက်နေ့တွေကျတော့လည်းမနက်ဆိုBusအတူစီးကာအလုပ်ကိုယ်စီသွားကြပြီးအပြန်ကျတော့လည်းတစ်ယောက်တစ်လှည့်စောင့်ကြကာအတူပြန်ကြသည်။အရင်တုန်းကထီးယူဖို့ခဏခဏမေ့သည့်ယွင်ဟာလည်းခုဆိုရင်အချိန်မရွေးရွာတတ်သည့်မိုးကြောင့်ထီးကိုသေချာသတိထားယူတတ်လာပြီဖြစ်သည်။ထို့ကြောင့်ကျွန်တော်ကလည်းထီးကိုတမင်မယူတော့ကာယွင်နှင့်တစ်ချောင်းတည်းကပ်ဆောင်းတော့သည်။ယွင်နှင့်အတူထီးတစ်ချောင်းထဲဆောင်းရသည်ကိုကျွန်တော်အလွန်သဘောကျသောကြောင့်...။

💛If We Meet Again...💛{Completed}Where stories live. Discover now