Unicode❣️
"ရေသွားချိုးလိုက် အဝတ်အစားထုတ်ပေးထားမယ်"
အိမ်ထဲရောက်ရောက်ချင်းကျွန်တော့်ကိုရေချိုးခန်းထဲအတင်းတွန်းပို့နေတဲ့ယွင်...
မျက်နှာလေးကတော့စူပုပ်ပုပ်..
ကျွန်တော်လည်းရေချိုးခန်းထဲသို့ခပ်သုတ်သုတ်ဝင်သွားလိုက်ပြီးရေချိုးလိုက်တော့သည်။
မရောက်တာကြာပြီဖြစ်တဲ့အိမ်လေးကိုပြန်ရောက်လာတော့ခံစားချက်လေးကတစ်မျိုးလေးဖြစ်နေသည်။
အရင်တုန်းကအမှတ်တရတွေကိုလည်းလွမ်းမိသည်။
ခုတော့...အရင်အခြေအနေလိုပြန်ဖြစ်အောင်..မနည်းကြိုးစားနေရသည်။
ရေချိုးပြီးနောက်သဘတ်လေးခါးမှာပတ်ကာအပြင်ကိုပြန်ထွက်လာတော့ကုတင်ပေါ်မှာကျွန်တော့်အဝတ်အစားတစ်စုံက
အဆင်သင့်...ကျွန်တော်ကျေနပ်သလိုပြုံးလိုက်ပြီးအဝတ်အစားများဝတ်လိုက်သည်။
အဝတ်အစားဝတ်နေတုန်းအခန်းထဲကိုယွင်ကဝင်လာလေသည်။
"မင်း..ပြန်ရင်မင်းပစ္စည်းတွေပြန်သယ်သွား.."
"ဒီအတိုင်းလေးပဲထားလိုက်ပါ နောက်လည်းအတူနေရမယ့်ဟာကို"
"မင်းနဲ့ဘယ်သူကအတူနေမယ်ပြောလို့လဲ...ဒီညမိုးတွေအရမ်းရွာနေလို့ အိမ်ထဲဝင်ခိုင်းလိုက်တာ..ထင်ချင်ရာလျှောက်ထင်မနေနဲ့...ဒါနဲ့..အဲ့တုန်းကဘာလို့ပစ္စည်းတွေပြန်လာမယူတာလဲ"
"ကိုယ်ဒီကနေထွက်သွားဖို့ဘယ်တုန်းကမှ
မစဥ်းစားခဲ့ဖူးဘူး...တစ်ချိန်ချိန်မှာပြန်လာမှာကို..ဘာလို့အလုပ်ရှုပ်ခံပြီးပစ္စည်းတွေယူရမှာလဲ""ဟင်း..ထားပါတော့ နောက်ကလိုက်ခဲ့ ညစာပြင်ပေးထားတယ် မစားရသေးဘူးမလား"
"အင်း..မစားရသေးဘူး ကိုယ်တကယ်ဗိုက်ဆာနေတာ..ဟီးဟီး"
ကျွန်တော်ပြုံးဖြီးဖြီးဖြင့်ပြောလိုက်တော့ယွင်ကမျက်စောင်းတစ်ချက်ထိုးကာအရင်ထွက်သွားလေသည်။
ကျွန်တော်လည်းမှိုရတဲ့မျက်နှာဖြင့်ယွင့်နောက်သို့လိုက်သွားလိုက်သည်။