Unicode❣️
"ခေါင်းကိုက်လိုက်တာ..."
လော်ယွင်ရှီးတစ်ယောက်နိုးလာတာနဲ့နှာခေါင်းထဲကိုဆေးနံ့ကအရင်ဆုံးရောက်လာတာကြောင့်သူဆေးရုံရောက်နေမှန်းသိလိုက်သည်။မူးဝေနေတဲ့ခေါင်းကိုမနည်းထိန်းလိုက်ကာထထိုင်လိုက်တော့ဆေးရုံကသီးသန့်ခန်းတစ်ခုထဲမှာ။
သူဘယ်လိုကနေဘယ်လိုဆေးရုံရောက်လာတယ်ဆိုတာမနည်းြပန်စဥ်းစားနေရသည်။
အာ..ငါ မောင့်ကိုလက်လွှတ်ပေးခဲ့လိုက်တာပဲ
မောင်ရော အဆင်ပြေရဲ့လားမသိဘူး
ငါ့လိုလူကိုမုန်းပစ်မေ့ပစ်ပြီးမောင့်ဘဝဒီထပ်မကတိုးတက်အောင်သာကြိုးစားပါမောင်ရယ်...
ငါကမကောင်းဘူး ငါ့ဘက်ကလည်းမောင့်ကိုစလမ်းခွဲလိုက်သေးတယ်..ခုကျတော့လည်းမောင့်ကိုအရမ်းလွမ်းနေမိတယ်
ငါကတကယ့်အရူးပဲနော်
မောင့်အကြောင်းစဥ်းစားတော့မျက်ရည်တွေကသူ့အလိုလိုကျလာပြန်တယ်
ငါငိုနေတာမဟုတ်ဘူးနော်...ငါ မငိုချင်ဘူး
ဆေးရုံကုတင်ပေါ်မှာငုတ်တုပ်လေးထိုင်ပြီးငိုနေတဲ့လော်ယွင်ရှီးကိုအခန်းအပေါက်ဝကနေကြည့်ပြီးလှည့်ထွက်သွားတဲ့တစ်စုံတစ်ယောက်...
"ရှီးအာ..."
"မား"
ကျနော်ငိုနေတုန်းမားကအခန်းထဲဝင်လာလေသည်။ကျနော်အဆင်မပြေတာမြင်တော့မားရဲ့မျက်နှာကမကောင်း။ကျနော့်ကိုနှစ်သိမ့်သည့်အကြည့်ဖြင့်ကြည့်ကာဖက်ထားပေးလေသည်။ကျနော်လည်းအားကိုးရသလိုမားရင်ခွင်ထဲဝင်ပြီးငိုမိတော့သည်။
မားကကျနော့်ကျောပြင်ကိုဖွဖွလေးပုတ်ပေးကာနှစ်သိမ့်ပေးသည်။
တော်တော်ကြာဝအောင်ငိုပြီးတော့မှမားရင်ခွင်ထဲကထွက်ကာခေါင်းငုံ့ပြီးငူငူငိုင်ငိုင်ထိုင်နေမိသည်။
မားကလက်ကိုင်ပုဝါလေးဖြင့်ကျနော့်မျက်ရည်များကိုသုတ်ပေးနေသည်။
"မား.."
ကျနော်ခေါ်လိုက်တော့မားကကျနော့်ကိုနားလည်သလိုကြည့်လာကာ