Unicode❣️
"နေမကောင်းသေးပဲနဲ့လိုက်မပို့ပါနဲ့အုံးဆို"
"လုံးဝကိုကောင်းသွားပါပြီ စမ်းကြည့်"
ပြောရင်းဆိုရင်းလက်ကိုဆွဲကာနှဖူးပေါ်အတင်းစမ်းခိုင်းနေတဲ့ဖေးယွီကြောင့်လော်ယွင်ရှီးအေနရခက်ပြန်ပြီ။စူးစူးနဲ့ပြောပြီးကတည်းကနောက်ပိုင်းဖေးယွီနဲ့မတော်တဆဖြစ်ဖြစ်တမင်တကာဖြစ်ဖြစ်ထိတွေ့မိတိုင်းမှာထူးဆန်းတဲ့ခံစားချက်တွေခံစားရနေတယ်။ဖေးယွီဆိုသည်မှာလည်းသူ့ကိုရရင်ရသလိုအသားယူနေတော့မနေတတ်မထိုင်တတ်ဖြစ်နေရတာလဲသူပဲ...
ဖေးယွီကတော့သူ့အပေါ်ဒီအတိုင်းအစ်ကိုလိုသဘောထားပြီးဆက်ဆံနေပေမဲ့သူ့ဘက်ကထူးဆန်းတဲ့ခံစားချက်တွေဖြစ်ပေါ်နေတော့သူ့ကိုယ်သူမလုံမလဲဖြစ်လာရပြီးထိုကောင်လေးနဲ့မသိမသာလေးဝေးဝေးနေမိလာတယ်။ဒါပေမဲ့လည်းချန်ဖေးယွီဆိုသည်မှာသူမကြိုက်လျှင်ပိုလုပ်တတ်သည့်ကောင်လေး..သူကရှောင်လေထိုကောင်လေးကအနားကိုပိုကပ်လေဖြစ်နေတော့သည်။
"သ..သဘောပဲ လုပ်ချင်တာသာလုပ်တော့"
နားရွက်တွေရဲပြီးရှေ့ကအရင်ထွက်သွားတဲ့ကိုကို့ကိုကြည့်ပြီးဖေးယွီမှာအူကြောင်ကြောင်နှင့်သာကျန်ခဲ့ရသည်။ခုတလောကိုကိုထူးဆန်းနေတယ်..ဘာလို့သူ့ကိုရှောင်နေတယ်လိုခံစားနေရတာလဲ...။
"ကိုကို ကျွန်တော့်ကိုစောင့်အုံးလေ အတူတူသွားမယ်"
ရှေ့ကသွားနေတဲ့ကိုကို့နောက်ကိုမှီအောင်လိုက်မလို့ပြင်နေတုန်းနောက်ကတစ်ယောက်ယောက်ကြည့်နေသလိုခံစားလာရတာကြောင့်ဖြတ်ကနဲ့လှည့်ကြည့်လိုက်တော့တစ်စွန်းတစ်စလေးသာတွေ့လိုက်ရသည်။လျှင်လိုက်တာ..သူတို့နောက်လိုက်နေတာသေချာတယ် မဟုတ်မှလွဲရော...မား
"အဲ့မှာရပ်ပြီးဘာလုပ်နေတာလဲ ကားလွတ်သွားတော့မယ် မြန်မြန်လာ"
"လာပြီ လာပြီ"
သူနောက်ကလိုက်မလာတော့မကျေမနပ်သံလေးဖြင့်ခေါ်နေတဲ့ကိုကို့ကြောင့်ဆက်ပြီး
စဥ်းစားမနေတော့ပဲအမြန်လိုက်သွားလိုက်သည်။
.
.
.