Unicode❣️
မောင်နဲ့တွေ့ပြီးသည့်နေ့မှစ၍ကျွန်တော့်အနားတွင်မောင့်ကိုအမြဲတွေ့နေရသည်။
ဆိုင်ကိုအကြောင်းမရှိအကြောင်းရှာကာလာသည်။
အိမ်ပြန်ရင်လည်းBusကားနောက်မှသူ့ကား
ဖြင့်လိုက်လာတတ်ပြီးBusကားဂိတ်မှအိမ်ကိုလမ်းလျှောက်ပြန်သည့်အခါတွင်လည်းနောက်မှကားဘီးကိုတစ်လှိမ့်ချင်းလှိမ့်ကာလိုက်လေသည်။သိပ်မကျယ်သည့်လမ်းလေးထဲမှာသူ့ကားကနေရာယူထားကာတစ်လှိမ့်ချင်းသွားနေသောကြောင့်ဒေါသထွက်ကာဆဲသွားကြသည့်လူများလည်းရှိသေးသည်။
ဒါပေမဲ့လည်း..သူကတော့မှုတောင်မမှု...
ကျွန်တော့်နောက်သို့လိုက်မြဲသာ..အစကတော့ကျွန်တော် မောင့်ကိုလျစ်လျူရှုထားလိုက်သည်။ဘယ်လောက်ထိကျွန်တော့်နောက်ကိုဒီလိုလိုက်နေနိုင်မှာလဲပေါ့...
ဒါပေမဲ့တစ်ပတ်လောက်ကြာသည်အထိဇွဲကောင်းနေသောမောင့်ကြောင့်ကျွန်တော်နည်းနည်းတော့လက်မြှောက်ချင်လာပြီဖြစ်သည်။
ဘယ်အထိသွားဖို့များ..စဥ်းစားထားတာလဲမသိဘူး။
အောင်မြင်နေတဲ့စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်မှာအဲ့လောက်တောင်အချိန်တွေပေါနေလို့လား...
ဘယ်နှယ့်..ကျွန်တော့်နောက်ပဲအချိန်ပြည့်လိုက်နေတယ်..အလုပ်မလုပ်ဘူးလားမသိဘူး..
်ဒီနေ့တော့သေချာပြောမှရမယ်...ဒီအတိုင်းဆက်သွားနေလို့မဖြစ်တော့ဘူး။
ခုလည်းမနက်ကတည်းကကျွန်တော့နောက်ကနေလိုက်လာပြီးဆိုင်နားမှာကားရပ်ထားကာကားပေါ်မှမဆင်း...
ကားမှန်အမည်းကြီးတွေကြောင့်အထဲကိုလည်းမမြင်ရ...
ဘာတွေလုပ်နေတာလဲမသိဘူး။
နေ့လည်လောက်ရောက်တော့ဆိုင်လဲလူပါးတဲ့အချိန်ဖြစ်တာကြောင့်ကျွန်တော် မောင့်ကားနားကိုသွားလိုက်သည်။
တစ်ခါတည်းအပြတ်ပြောဖို့လည်းစဥ်းစားထားလေသည်။
ကားမှန်ကိုခေါက်လိုက်တော့အထဲမှကားမှန်ကိုချပေးလာသည်။ထိုအခါကားနောက်ခန်းထဲတွင်ပါးစပ်မှာပေါင်မုန့်တန်းလန်း
ဖြင့်laptopကိုအာရုံစိုက်ကြည့်နေသောမောင်..