Unicode❣️
"ကောင်းပြီ ငါအခုလာခဲ့မယ် အစည်းအဝေးအတွက်ပြင်ဆင်ထားလိုက်"
လော်ယွင်ရှီးနိုးနိုးချင်းကြားလိုက်ရတဲ့စကားသံ...
တစ်ယောက်ယောက်ဖုန်းပြောနေတဲ့အသံဆိုပိုမှန်မယ်။နေ၏အလင်းရောင်ကမျက်စိကိုစူးနေသောကြောင့်တော်တော်နှင့်မျက်လုံးမဖွင့်နိုင်သေး။ခေါင်းထဲမှလည်းတစ်ချက်တစ်ချက်ထိုးကိုက်နေသေး၏။
ခုဏအသံကမောင့်အသံနဲ့တူလိုက်တာ..
တကယ်ပဲမောင်လား..
ထို့နောက်တံခါးတွန်းဖွင့်သံနှင့်အတူပြန်ပိတ်လိုက်သည့်အသံပါထပ်ကြားလိုက်ရသည်။အပြင်ကိုထွက်သွားတဲ့ပုံပဲ။
တဖြည်းဖြည်းချင်းအားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်တော့မျက်နှာကျက်အဖြူကိုအရင်ဆုံးမြင်ရလေသည်။
ထို့နောက်ရင်းနှီးနေသောအနံ့အရကျနော်ဆေးရုံကိုထပ်ရောက်လာပြန်ပြီမှန်းသိလိုက်သည်။
လှဲနေရာမှထထိုင်လိုက်ပြီးဘေးဘီကိုကြည့်မိတော့ဆေးရုံသီးသန့်ခန်းတစ်ခုထဲမှာ။အခန်းထဲတွင်ဘယ်သူမှလဲမရှိ။
ထိုအခိုက်အခန်းထဲဝင်လာသောသူနာပြုဆရာမလေးတစ်ယောက်။
"သတိရလာပြီကို အဆင်မပြေတဲ့နေရာရှိလားရှင့်"
"ခေါင်းတော့နည်းနည်းကိုက်တယ် ကျန်တာတော့အဆင်ပြေပါတယ်"
"အားပြတ်ပြီးလဲသွားတာပါ ခဏနေဆရာဝန်လာပြီးစစ်ဆေးပေးပါလိမ့်မယ်"
"ဟိုလေ..တစ်ခုလောက်မေးလို့ရမလား"
"ဟုတ်ကဲ့ မေးပါ"
"ကျနော်ကိုလိုက်ပို့တဲ့သူက.."
"အာ CEOချန်ကိုပြောတာလား သူကခုနလေးတင်အရေးကြီးကိစ္စရှိလို့ပြန်သွားပါတယ် မသွားခင်ကျွန်မကိုလည်း
ဒီကလူကြီးမင််းကိုဂရုစိုက်ပေးဖို့မှာသွားပါသေးတယ်""CEOချန်.."
"CEOနဲ့ရင်းနှီးတဲ့ပတ်သက်မှုမျိုးမဟုတ်ဘူးလားဟင် ကျွန်မတို့ကလူကြီးမင်းနဲ့CEOတို့ကရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ထင်နေတာ
လူကြီးမင်းကိုခေါ်လာတုန်းကCEOကအရမ်းစိုးရိမ်နေတဲ့ပုံဆိုတော့လေ.."