Unicode❣️
ဖိုးဖိုး၏မွေးနေ့ကြောင့်မတတ်သာပဲချန်ဖေးယွီတစ်ယောက်စံအိမ်သို့ပြန်လာရသည်။ထိုအိမ်ကြီးကိုသူနည်းနည်းမှသဘောမကျ...
ဖိုးဖိုးကသူ့အပေါ်ကိုကောင်းပေမဲ့ သူ့ကိုဆိုကျားချောင်းသလိုအမြဲချောင်းနေတဲ့ဒေါ်လေးတို့သားအမိရယ်၊စီးပွားရေးကလွဲကျန်တာစိတ်မဝင်စားတဲ့ပါးပါးရယ်၊ဒီစံအိမ်ရဲ့အရှင်သခင်ဟာသူပဲဖြစ်ရမယ်ဆိုပြီးအမြဲသူမလုပ်ချင်တာတွေလုပ်ခိုင်းတဲ့မားမားကြောင့်သူနေရတာအရမ်းကိုစိတ်ကျဥ်းကြပ်ဖို့ကောင်းလှသည်။သူ့ဘဝတစ်လျှောက်လုံးမှာအမြဲမားရဲ့ပုံစံခွက်ထဲမှာပဲနေခဲ့ရသည်။မားကသူလုပ်ချင်လားမလုပ်ချင်လားစိတ်မဝင်စား..သူမဖြစ်ချင်တာသာသူမသိသည်။သူ့အပေါ်မားဘယ်လောက်ထိချုပ်ကိုင်ချင်လဲဆို..
အပေါင်းအသင်းကိုတောင်သူမသဘောကျ
သည့်သူတွေကိုသာပေါင်းစေသည်။မားရဲ့အမြင်မှာအသိုင်းအဝိုင်းကြီးမှကလေးများကသာသူနှင့်အပေါင်းအသင်းလုပ်ဖို့သင့်တော်သည်ဟုထင်နေပုံရသည်။ဒါပေမဲ့လည်းချန်ဖေးယွီဆိုသည်မှာအမေတူသားပေတည်း...မားခေါင်းမာသလောက်သူလည်းမားထက်မပိုရင်တောင်မားနည်းတူခေါင်းမာလှသည်။ငယ်ငယ်ကမားစိတ်ကြိုက်လိုက်လုပ်ပေးခဲ့ရင်တောင်အရွယ်ရောက်လာသည်နှင့်အမျှသူ့မှာကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အသိဥာဏ်ရှိလာပြီဖြစ်သည်။အမြဲတမ်းမားစိတ်ကြိုက်သူလိုက်မလုပ်ချင်တော့ဘူး။ထို့ကြောင့်မားကဖိအားပေးလေသူကရုန်းထွက်လေ...အိမ်ကိုတောင်သပ်သပ်ဝယ်ထားကာအမြဲလိုလိုထိုအိမ်မှာပဲသွားနေဖြစ်သည်။
"သား ခုမှရောက်တာလား မားကစောင့်နေတာ partyကညကျမှလုပ်မှာ အခုဖိုးဖိုးကိုသွားနှုတ်ဆက်လိုက်အုံးနော်"
အိမ်ရောက်တော့ခြံဝန်းထဲတွင်အလုပ်သမားများကpartyအတွက်ပြင်ဆင်နေကြသည်။မားကအလုပ်သမားများကိုကြီးကြပ်နေသည်။ချန်ဖေးယွီကိုမြင်တော့ဖိုးဖိုးဆီသို့သွားခိုင်းလေသည်။
"ဟုတ်ကဲ့ သားဖိုးဖိုးကိုသွားတွေ့လိုက်အုံးမယ်"
မားကိုပြောပြီးဖိုးဖိုးရှိရာအခန်းသို့သွားလိုက်သည်။ဖိုးဖိုးရဲ့အခန်းတံခါးကိုခေါက်လိုက်တော့အထဲမှ"ဝင်ခဲ့"ဆိုသည့်သြဇာရှိလှသည့်ဖိုးဖိုး၏အသံကတည်ငြိမ်စွာထွက်လာလေသည်။ဖေးယွီလည်းတံခါးကိုဖွင့်လိုက်ရင်းအခန်းထဲသို့ဝင်သွားတော့အိပ်ခန်းနှင့်တွဲ
လျှက်စာကြည့်ခန်းမှာစာအုပ်ထိုင်ဖတ်နေတဲ့ဖိုးဖိုး...