Unicode❣️
"ငါတို့လမ်းခွဲကြမယ်..."
coffeeခွက်ကိုမွှေနေသောသူ့ရဲ့လက်တို့သည်ထိုစကားကြောင့်ရပ်တန့်သွားလေသည်။
မထင်မှတ်ထားသောစကားကိုကြားလိုက်ရသောကြောင့်မယုံကြည်နိုင်သောအကြည့်တို့သည်ရှေ့တွင်ထိုင်နေသောသူဆီမှာ..."ဘာလို့..ဘာလို့လဲ.."
အံ့သြမှုကြောင့်စကားတို့တောင်ထစ်ကုန်
သည်။သို့သော်ရှေ့ကသူမှာတော့ဒီစကားကိုပြောရတာအရမ်းကိုတည်ငြိမ်နေလေသည်...။"ဒီအတိုင်း...ရှေ့မဆက်ချင်တော့ဘူး ငါတို့ကမဖြစ်နိုင်တဲ့အခြေအနေပါ ဘယ်အချိန်ထိငါတို့ဆက်သွားနိုင်မှာမိုလို့လဲ"
"မောင့်ကိုချစ်တယ်မလား မောင်လည်းမင်းကိုချစ်တယ်လေ..ဒါဆိုပြီးပြီမလား ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာမောင်တို့အပေါ်မှာပဲမူတည်တယ်လေ.."
"အချစ်တစ်ခုတည်းနဲ့အရာအားလုံးကိုဖြတ်ကျော်နိုင်တယ်လို့ထင်နေတာလား..အရမ်းကို
စွန့်စားလွန်းရာကျမနေဘူးလား..""မင်းနဲ့အတူတူသာဆိုရင်မောင်အရာအားလုံးကိုရင်ဆိုင်ရဲတယ်..မောင့်ကိုယုံပေးလို့မရဘူးလားဟင် ဘယ်လိုအခက်အခဲတွေပဲရှိရှိမောင်ရအောင်ကျော်ဖြတ်မှာ မင်းအတွက်အရာအားလုံးကိုတောင်စွန့်လွှတ်လိုက်နိုင်တယ်"
"အဲ့ဒါမောင့်ဘက်ကအတွေးလေ..."
"..."
"ငါ့ဘက်ကိုရောမောင်ကြည့်ခဲ့ဖူးလား..မောင်ကငါ့အတွက်နဲ့အရာအားလုံးစွန့်လွှတ်နိုင်ပေမဲ့ငါကတော့..ငါကတော့မလုပ်နိုင်ဘူး ငါ့ဘဝတစ်လျှောက်လုံးခက်ခက်ခဲခဲရုန်းကန်လာခဲ့ရတာ ဆင်းရဲတဲ့ဘဝကြီးကိုအရမ်းစိတ်ကုန်နေပြီ မောင်လည်းသိပါတယ် ငါကပိုက်ဆံကိုအရမ်းကြိုက်တာလေ..ငါ့အတွက်အရမ်းကောင်းတဲ့အခွင့်အလမ်းကိုမောင့်အတွက်နဲ့လက်လွှတ်ခံမယ်ထင်နေတာလား"
ပြန်ပြောစရာစကားလုံးတို့သည်ပျောက်ဆုံးနေခဲ့သည်။ခေါင်းထဲတွင်လည်းဘာမှမတွေးနိုင်တော့လောက်အောင်ရှုပ်ထွေးလျှက်...
ငြိမ်ကျသွားသောမောင့်ကိုဘာတစ်ခွန်းမှထပ်ပြီးမပြောတော့ဘဲယူလာခဲ့သော
အဖြူရောင်Tulipပန်းလေးကမ်းပေးလိုက်သည်။
နှုတ်ဆက်ပါတယ်...ဒီလောက်နဲ့ပဲလမ်းခွဲကြပါစို့