"22"

642 48 10
                                    

Unicode❣️

"ငါတို့လမ်းခွဲကြမယ်.."

ဒီစကားကိုကျနော့်ပါးစပ်ကနေထွက်လာအောင်လို့တော်တော်ကိုကြိုးစားလိုက်ရတယ်။မနက်ကတည်းကအတတ်နိုင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားပြီးမျက်နှာမပျက်အောင်လည်းကြိုးစားနေရတယ်။ကျနော်မျက်နှာပျက်နေရင်မောင်ကကျနော့်စကားတွေကိုယုံမှာမဟုတ်ဘူး။အပြင်မှာသာဘာမှမဖြစ်သလိုဟန်ဆောင်နေပင်မဲ့ရင်ထဲမှာကမ္ဘာပျက်သလိုဖြစ်နေတာကိုယ့်ကိုယ်ကိုသာအသိဆုံး။
မောင်ကကျနော့်ကိုအရမ်းချစ်တာ။ကျနော်သာဒီစကားတွေပြောရင်မောင်ကျိန်းသေစိတ်ထိခိုက်မယ်ဆိုတာကျနော်သိတယ်။ဒါပေမဲ့လည်းမောင်ကောင်းဖို့အတွက်ပဲလေ။

**မောင်စိတ်မကောင်းဖြစ်အောင်ပြောရတဲ့
ယွင်ကိုယ်တိုင်လည်းရင်ထဲမှာစုတ်ပြတ်သပ်နေပါပြီ**

ကျနော့်စကားကိုကြားတော့မောင်ကကော်ဖီခွက်ကိုမွှေနေရာမှမယုံနိုင်သလိုကြည့်လာတယ်။မောင့်အကြည့်ကကျနော့်နှလုံးသားကိုအပ်တစ်ချောင်းနဲ့ထိုးလိုက်သလိုစူးကနဲခံစားလိုက်ရတယ်။
ရင်ထဲမှာကမ္ဘာပျက်နေသလိုခံစားနေရပေမဲ့အပြင်မှာတော့အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကျနော်ဟန်ဆောင်နေရတယ်။

"ဘာလို့ ဘာလို့လဲ"တဲ့

မောင့်ကိုဒီထက်ပိုပြီးငါ့အနားမှာဆွဲမထားနိုင်တော့လို့ပေါ့။
ငါ့အနားမှာမောင်နေရင်မောင့်ဘဝအရမ်းပင်ပန်းမှာသိသိကြီးနဲ့ငါတစ်ကိုယ်ကောင်းမဆန်နိုင်တော့ဘူး။

"ဒီအတိုင်း...ရှေ့မဆက်ချင်တော့ဘူး.."

"ယွင်ဘာတွေပြောနေတာလဲ မောင့်ကိုစိတ်ဆိုးနေတာလား ဘာလဲ မနေ့ကကိစ္စကြောင့်လား အဲ့တာဆိုမောင်တောင်းပန်ပါတယ်ကွာ မောင်သဝန်တိုတာယွင်မကြိုက်ဘူးဆိုနောက်ဆိုမောင်အတတ်နိုင်ဆုံးဆင်ခြင်ပါ့မယ် နော်"

မောင့်ဆီကထွက်လာတဲ့စကားကြောင့်ကျနော်နည်းနည်းတောင်အံ့သြမိသွားတယ်။မောင်သဝန်တိုတတ်တာကျနော့်ကိုချစ်လွန်းလို့ဆိုတာသိပါတယ်။အဲ့တာနဲ့ပတ်သက်ပြီးကျနော်စိတ်လည်းမဆိုးမိဘူး..အမှန်တိုင်းပြောရရင်သဘောတောင်ကျမိသေးတယ်။
မောင်ကသဝန်တိုတတ်တဲ့သူရဲ့စိတ်ကိုတောင်ထိန်းပါ့မယ်တဲ့လား...

💛If We Meet Again...💛{Completed}Where stories live. Discover now