"18"

569 62 2
                                    

Unicode❣️

"မောင် လက်ကဘာဖြစ်ထားတာလဲ"

ညစာစားခါနီးအမှတ်တမဲ့ဖြင့်မောင့်လက်ကိုကြည့်လိုက်မိတော့နီရဲနေလေသည်။

"ဟီး..နေ့လည်တုန်းကဆိုင်မှာအပူလောင်သွားလို့ပါ ဘာမှမဖြစ်ဘူး ဖြစ်ကတည်းကအဘွားဆေးလိမ်းပေးထားတယ်"

"နေ့လည်ကတည်းကဖြစ်တာကိုခုထိရဲနေ
တုန်းဆိုတော့..နာနေသေးလားဟင် ဘာလို့ငါ့ကိုမပြောတာလဲ"

"နည်းနည်းပဲဖြစ်တာပါယွင့်ရဲ့ ဆေးလိမ်းလိုက်ရင်ပျောက်သွားမှာ"

"ကျစ် ခုလိမ်းမယ် လာ ထ"

ထမင်းစားပွဲကခုံမှာထိုင်နေသည့်မောင့်ကိုဆွဲကာဧည့်ခန်းထဲခေါ်သွားလိုက်သည်။
လက်ကိုဆေးလိမ်းပေးနေရင်းမောင့်အပေါ်အားနာလာပြီးစိတ်မကောင်းလည်းဖြစ်ကာမျက်ရည်ကအလိုလိုကျလာလေသည်။

"ဟင်! ယွင်ငိုနေတယ် ဘာလို့ငိုရတာလဲကွာ မောင်ဘာမှမဖြစ်ပါဘူးဆို"

ကျွန်တော်ငိုနေတာမြင်တော့မောင်ကပြာပြာသလဲလဲဖြင့်ပြောလေသည်။ကျွန်တော်လည်းဘာလို့ငိုမိမှန်းမသိတော့..မောင့်ကိုစိတ်မညစ်စေချင်ပါဘူးဆိုမှ။

"မငိုပါနဲ့ဆိုကွာ ယွင်ငိုနေတော့မောင်ပိုနာသလိုခံစားရတယ် တိတ်တော့နော်"

မောင့်ကိုဆေးလိမ်းပေးပြီးတာနဲ့ကျွန်တော်ဘာမှမပြောမိဘဲမောင့်ရင်ခွင်ထဲတိုးဝင်မိသည်။မောင်ကလည်းအလိုက်သတိပြန်ဖက်ပေးထားပြီးနှစ်သိမ့်သည့်အနေဖြင့်ကျွန်တော့်ကျောပြင်ကိုဖွဖွလေးပုတ်ပေးလေသည်။

"တိတ်တော့နော် မောင်ဘာမှမဖြစ်ဘူး"

"မောင်...အရမ်းပင်ပန်းနေလားဟင်"

"ဟင် မောင်ကဘာလို့ပင်ပန်းရမှာလဲယွင်ရဲ့ ကဲ ထားလိုက်ပါတော့ ထမင်းစားရအောင်လေ ဟင်းတွေအေးကုန်တော့မယ်"

ထိုအခါမှမောင့်ကိုဖက်ထားရာမှလွှတ်လိုက်ပြီးမောင့်ရင်ခွင်ထဲကလည်းထွက်လိုက်သည်။မောင်ကကျွန်တော့်မျက်နှာကိုသူ့လက်နှစ်ဖက်ဖြင့်ကိုင်ကာမျက်ရည်များကိုလက်မဖြင့်ဖယ်ပေးလေသည်။

💛If We Meet Again...💛{Completed}Where stories live. Discover now