Unicode❣️
"မောင်လိုက်ပို့မယ် မားဆီသွားမှာမလား.."
မနက်စာစားပြီးနောက်...ဆိုင်မသွားခင်မားဆီသွားမလို့ပြင်နေတုန်း...မောင်ကလိုက်ပို့မယ်ဟုပြောလာလေသည်။
ထို့နောက်...ကျွန်တော့်ကိုသူ့ကားပေါ်တင်ကာ...တစ်ခွန်းမမေးဘဲ...မားရှိရာဆေးရုံသို့...တန်းမောင်းသွားလေသည်။
မောင်ကဘယ်လိုလုပ်ပြီး...မားတက်နေတဲ့ဆေးရုံကိုသိနေတာလဲ...
ကျွန်တော့်အတွေးတွေကိုမောင်ကသိနေသည့်အလား...ကားမောင်းနေရင်း...ကျွန်တော့်ဘက်ကိုလှည့်ကြည့်လာကာ
"မားဆေးရုံကိုမောင်ဘယ်လိုသိတာလဲလို့စဥ်းစားနေတာမလား"
ဟုပြောလေသည်။
"အင်း..."
"ယွင်မသိတာတွေအများကြီးရှိသေးတယ်...ခဏနေကျမှမောင်ပြောပြမယ်နော်"
မောင်ကကျွန်တော့်ကိုထိုသို့ပြောလိုက်ပြီးကားကိုဆေးရုံရှေ့မှာရပ်လိုက်လေသည်။
"ယွင်အရင်သွားနှင့်နော်...မောင်ကားပါကင်ထိုးပြီးလိုက်လာခဲ့မယ်"
"အွန်း မားအခန်းရောသိတယ်မလား"
"သိတယ်.."
"အင်းပါ...အဲ့တာဆို သွားနှင့်ပြီနော်"
မောင့်ကိုထားခဲ့ပြီးနောက်ဆေးရုံထဲသို့ကျွန်တော်တစ်ယောက်တည်းအရင်ဝင်သွားလိုက်ပြီးမားအခန်းသို့သွားလိုက်သည်။
မားရဲ့အခန်းထဲကိုဝင်သွားလိုက်တော့...
ဆေးရုံကုတင်ပေါ်တွင်...မနက်စာစားနေသောမား...ဘေးကသူနာပြုဆရာမလေးက...မားကိုဂရုတစိုက်ဖြင့်...မနက်စာစားတာကို..စောင့်ကြည့်ပေးနေသည်။
ကျွန်တော်ဝင်လာတာကိုမြင်တော့...မားကပြုံးပြကာ..
"ရှီးအာ..ရောက်လာပြီလား..ဒီမှာလာထိုင်"ဆိုပြီးကုတင်ဘေးကခုံတန်းလေးကိုပုတ်ပြပြီးလှမ်းခေါ်လေသည်။
ကျွန်တော်လည်းထိုခုံလေးမှာဝင်ထိုင်လိုက်ပြီး
"မား..နေကောင်းတယ်မလား..ညကအိပ်ပျော်ရဲ့လား"ဟုမေးမိသည်။