(Z)
သိမ်းဆည်းထားသော လက်ကျန်မုန့်တချို့ကို စားရင်း မွေ့ယာပေါ်တွင် ငေးငိုင်စွာ ထိုင်နေမိတယ်။ အပြင်မှာလည်း မိုးတွေရွာနေပါရော။ ကျောင်းမသွားတာလည်း ရက်ဆက်ရှိနေပြီမို့ အတန်းပိုင်ဆရာမကလည်း ဖုန်းတွေခေါ်ထားသေးသလို တစ်စုံတစ်ယောက်လီဂျွန်ဟိုကလည်း သူ့ကိုအခါ၁သောင်းမကဖုန်းနဲ့ဆက်သွားထားတာကိုတွေ့ရပါလိမ့်မယ်။
မက်ဆေ့တစ်စောင်ဟာလည်း chat box ထဲတည်ငြိမ်စွာနေရာယူလို့ထားပြန်တယ်။
' တောင်းပန်ပါတယ် ' 💬
ဒါလွန်ခဲ့တဲ့ ၂ရက်ကပို့ထားတာပဲ။ ဖုန်းတွေအခါခါခေါ်ခဲ့သလောက် မက်ဆေ့တစ်စောင်ပဲ ပို့ထားပုံထောက်ရင် လီဂျွန်ဟိုက သူစိတ်ရူပ်သွားမှာကိုစိုးရိမ်နေတဲ့ပုံပဲ။ မက်ဆေ့ဝင်တာကိုတော့ သူသတိမထားမိလိုက်ဘူး။
ဂျွန် သက်ပြင်းတစ်ချက်ချရင်း မိုးသည်းနေတဲ့ပြတင်းတံခါးအပြင်ကိုသာ ဆက်ငေးနေမိတယ်။ သူ့ခေါင်းထဲမှာစဉ်းစားစရာတွေအပြည့်ပဲမဟုတ်လား။ အထူးသဖြင့် ဒီအိမ်ကနေထွက်သွားဖို့ပေါ့။
ရုတ်တရတ်ထပ်မံဝင်ရောက်လာတဲ့ဖုန်းကြောင့် သူဟာ ငြင်သာစွာ ဖုန်းကိုငုံ့ကြည့်လိုက်မိတယ်။ ထပ်ပြီး လီဂျွန်ဟို ပဲလား။ ဂျွန်ဟိုက ဘာလို့ဒီလောက်တောင်မှဇွဲမလျော့ရတာလဲ .....။
မကိုင်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် စိတ်အခြေအနေတွေလည်း အနည်းငယ်တည်ငြိမ်သလောက်ရှိနေပြီ သူခပ်ဖြည်းဖြည်းကိုင်လိုက်မိတယ်။
နားပါးဝင်သို့ ဖုန်းအားထိကပ်လိုက်စဉ် စီးဝင်နေတဲ့မိုးစက်သံတစ်ချို့နှင့်အတူ တဖက်မှရူရိုက်နေတဲ့ဂျွန်ဟို့လေသံတစ်ပိုင်းတစ်စကိုသူကြားနေရတယ်။ သူဘာစကားတစ်ခွန်းတစ်စမှ စတင်မပြောမိဘူး။ တဖက်မှဂျွန်ဟိုကလည်း သူ့ကိုဘာစကားမှပြောမနေခဲ့ဘူး။ ဖုန်းလိုင်းလေထဲ မိုးသံနှင့်လေသံရောထွေးနေတဲ့အသံတွေသာ ကြားနေရပြီး ဂျွန်ဟို့အသံကိုတစ်စိုးတစ်စိတ်မျှတောင်မကြားနေခဲ့ပါဘူး။
' ဘာမှပြောစရာမရှိရင်ဖုန်းချလိုက်မယ် '
တဖက်လူကြားအောင် တိတ်ဆိတ်စွာငြီးဆိုလိုက်သောသူ့ရဲ့အသံအဆုံးမှာ ဂျွန်ဟို့အသံတပိုင်းတစ်စဟာလည်း လိုက်သည်းစွာထွက်ပေါ်လာတယ်။
YOU ARE READING
𝗕𝗮𝗯𝘆 𝗝𝗲𝗼𝗻 [ 𝐕𝐊 ]
RomanceTaekook. [ Edition ] All scenes in this fiction are the author's own creations.