8

5.2K 512 65
                                    


( Z )

' မနက်စာစားသွားဦးလေ ဂျွန် '

' မစားတော့ဘူး မေမေ '

ကျောပိုးအိတ်တကားကားနှင့်ပြေးထွက်သွားသော ဂျွန့်ကျောပြင်လေးကိုကြည့်ကာ ဂိုမီသက်ပြင်းတစ်ချက်ချမိတယ်။ သားဂျွန်က သိပ်မလန်းဆန်းသလိုပါပဲ။

' ဂျွန် ဘာဖြစ်နေလဲမသိဘူး...မနေ့ညကလည်း ထမင်းမစားဘူး '

ဂိုမီ့စကားကြားတော့ ဘေးတွင်ရပ်နေတဲ့ကင်မ်ဆိုဟီးက သက်ပြင်းတစ်ချက်ချရင်းဆိုတယ်။

' ကျောင်းစာတွေမလိုက်နိုင်လို့များလား ဒါနဲ့ သားဂျွန်က ကျောင်းမှာစာရောလိုက်နိုင်ရဲ့လား ဆိုပါဦး '

ဆိုဟီးရဲ့စကားမှ ဂိုမီက ရယ်လျက်ခေါင်းခါပြတယ်။

' ဂျွန်က စာမလုပ်ဘူး ကို...အတန်းထဲမှာ အတန်းသား ၂၅ယောက်ရှိတာကို အဆင့်က ၂၄ကကိုမတက်ဘူး ဆူလည်းခဏပဲ...ဘယ်သူ့မှသူ့အဆင့်ကိုလာမယူနိုင်ဘူးတဲ့လေ သူများကဝင်လုရင်တောင်သူကရန်ရှာချင်သေးတာ '

ဂိုမီ့စကားကြားတော့ ကင်မ်ဆိုဟီးတို့ နဖူးအားလက်ဖြင့်ရိုက်ကာ ရယ်ပါတော့တယ်။ တကယ့် ငလည်ပဲ။

' ဒါပေမယ့် သူတစ်ခုခုဖြစ်နေတာ မီသိတယ်...စာမလိုက်နိုင်လို့တော့ မဟုတ်လောက်ဘူးရယ် '

' ဒါဆို နှလုံးသားရေးရာကိစ္စများလား  '

ဆိုဟီးစကားမှာ ဂိုမီအနည်းငယ်တွေဝေသွားတယ်။ သူ့ကလေးလေးက အချစ်ကိုရောခံစားတတ်ပါ့မလား။

' ဦးလေးကားပြင်လိုက်ရတော့မလား သခင်လေး '

ဦးလေးဂင်စကားကြားမှ ထယ်ယောင်းသတိပြန်ကပ်လိုက်ရတယ်။ အဖေနဲ့ဟိုမိန်းမပြောတဲ့စကားတွေကို နားထောင်မိနေတာနဲ့ အတွေးတွေတောင်တခြားရောက်ကုန်ပါပြီ။ ဘာတဲ့ အဆင့် ၂၄  လုံးဝ ဘိတ်ချေးချာတိတ်ပဲ။

' ဟုတ် ပြင်လိုက်တော့ ဦးလေး '

//

ဘက်စ်စကားစီးပြီး ကျောင်းသွားရတာ ရိုးအီနေပြီမို့ မမူ့ပေမယ့် အိမ်တွင်းမှခြံတံခါးဆီရောက်နိုင်ဖို့ တစ်နေ့နေ့လမ်းလျှောက်ရတာအသက်တောင်ထွက်နိုင်တယ်။ ဂျွန် မောမောပန်းပန်းနှင့် ခြံတံခါးအား ဆွဲဖွင့်လိုက်ပြီး အိမ်အပြင်ဘက်သို့အောင်မြင်စွာခြေချလိုက်မိတယ်။

𝗕𝗮𝗯𝘆 𝗝𝗲𝗼𝗻 [ 𝐕𝐊 ]Where stories live. Discover now