20

5.2K 518 93
                                    


( Z )

' ဒီနေ့ညနေ အိမ်ပြန်နောက်ကျမယ်နော် မေမေ '

' အမ် ဘာဖြစ်လို့လဲ '

မကြည်မလင်မေးလာသောမေမေ့စကားမှာ သူတစ်ချက်ပြုံးပြ၍ခပ်အေးအေးဆိုမိတယ်။

' ဂျွန်ဟိုတို့အိမ်ကို လိုက်လည်မလို့ရယ် သူကအတင်းခေါ်နေတာမို့ ကျွန်တော်လည်းအားနာတာနဲ့ '

' ဟုတ်ပြီ ဟုတ်ပြီ အရမ်းနောက်မကျစေနဲ့နော် မေမေ့ကိုစိတ်ပူအောင်မလုပ်နဲ့ '

' အိုကေပါ... '

ရွှတ် !

သူ၏ပါးပြင်အား နစ်ဝင်နေအောင်နမ်းပြီးထွက်ပြေးသွားသော သားဖြစ်သူကိုငေးရင်း ကြည်နူးစွာပြုံးမိပြန်တယ်။ အပြုံးတွေသိပ်မကြာရှည်ပေမယ့်လို့ပေါ့။

' မနေ့ညက ဂျွန်နဲ့ဘယ်များသွားတာလဲ သခင်လေး '

' မြို့ ပြင် '

ဂိုမီ့ပါးပြင်အားအနမ်းပေး၍ထွက်သွားသော ဂျွန့်ကို အလုပ်သွားခါနီး ထယ်ယောင်းငေးကြည့်နေခြင်းဖြစ်တယ်။ ဘေးတွင်ဦးလေးဂင်လည်း ရှိပါသည်ပေါ့။

' မြို့ ပြင် ? အဝေးကြီး ဘာသွားလုပ်တာ... '

' လုပ်သင့်လုပ်ထိုက်တာ လုပ်လိုက်တာမို့ စိတ်မပူပါနဲ့ ကျွန်တော်သူ့ကိုအနိုင်မကျင်ခဲ့ဘူး...ရှေ့လျှောက်လည်း ဆင်ခြင်မှာမို့... '

ထယ်ယောင်းကပြောရင်းဆိုရင်း ရင်ဘတ်ကြပ်လာဟန်နှင့် ဘယ်ဘက်ရင်အုံအားခပ်မြန်မြန်ဖိတယ်။

' သခင်လေး...ရရဲ့လား အဆင်ပြေရဲ့လား '

' အဆင်ပြေတယ် '

' ဦးလေးလိုက်... '

' မပို့နဲ့တော့ တစ်ယောက်တည်းသွားချင်လို့ '

ထို့သို့ပြောပြီး ထွက်သွားသော ထယ်ယောင်းကိုကြည့်ကာ ဦးလေးဂင်သက်ပြင်းရှည်တစ်ချက်ချမိတယ်။ သခင်လေး ဆေးမှန်မှန်မသောက်ပုံပါပဲ။ ဒီလိုနဲ့တော့ မဖြစ်သေးပါဘူး။

//

' ဘယ်လို အိမ်မှာ date ချင်တယ် ဟုတ်လား ကို ... ရုတ်တရတ်ကြီး ဘာလို့လဲ '

တဖက်မှကြားလိုက်ရသော ထယ်ယောင်း၏စကားသံကြောင့် ဖုန်းကိုင်လျက် အလန့်တကျထရပ်လိုက်သော အန်နာပင်ဖြစ်တယ်။

𝗕𝗮𝗯𝘆 𝗝𝗲𝗼𝗻 [ 𝐕𝐊 ]Where stories live. Discover now