26

5.5K 502 49
                                    

( Z )

' သွားတော့မှာပေါ့ ဂျွန် '

အခန်းရှေ့တွင်ရပ်စောင့်နေတဲ့ ဦးလေးဂင်က သူထွက်သွားတော့မှာကိုသိထားတာကြောင့် ဝမ်းနည်းဟန်နှင့် သူ့အိတ်အားဆွဲယူ မ ကူတယ်။

' ဟုတ် ဦးလေး '

သူ့အပြောမှာဦးလေးဂင်ကခေါင်းညိတ်လျက်ခပ်တိုးတိုးပြောတယ်။

' သူဌေးကတော်တော့ ဝမ်းနည်းနေတော့မှာပဲ ဂျွန်ရယ်... '

' မေမေ့ကိုသေချာဂရုစိုက်ပေးပါဦး ဦးလေးရေ.. သူကစိတ်ပင်ပန်းရင် မကြာခဏဖျားတတ်တယ် '

' အင်းပါ ဦးလေးတတ်နိုင်သလောက်တော့ကူညီပေးမှာပါ...ဒါနဲ့ .... '

ဦးလေးဂင်ကအိတ်အားအောက်တွင်ချ၍ သိချင်ဇောနဲ့မေးလာတယ်။

' ဘယ်သူလာကြိုမှာလဲ ဂျွန် ... လာကြိုပေးဖို့မပြောထားဘူးလား '

' သူတို့ကအိမ်အထိလာကြိုပေးဖို့ပြောပါသေးတယ် ဒါပေမယ့် ကျွန်တော့စိတ်ထဲနည်းနည်းတမျိုးဖြစ်နေသေးလို့ လာမကြိုဖို့အတင်းပြောလိုက်ပြီး ကိုယ့်ဘာသာလမ်းထိပ်ကနေကားငှားသွားမှာ ဦးလေး...အိတ်ကလည်းအရမ်းမလေးတော့လေ '

သူ့စကားမှာဦးလေးဂင်က စိတ်မချဟန်နှင့်ပြောတယ်။

' ဟာကွာ အဲ့လိုကျအရမ်းပင်ပန်းတာပေါ့ ဂျွန်ရဲ့...ဦးလေးလိုက်ပို့လို့လည်း.... '

' မဟုတ်ဘူး ဦးလေး....ကျွန်တော်ဘယ်သူ့မှလိုက်ပို့တာလည်းမခံချင်သလို ဘယ်သူမှလာကြိုတာလည်းမခံချင်လို့ပါ '

ဂျွန်စကားကြောင့် ဦးလေးဂင်ဘာမှဆက်မပြောပဲလက်လျှော့လိုက်ရတော့တယ်။ လှေကားအောက်ကိုရောက်သည့်နှင့် အောက်ထပ်တွင်ငိုလျက်စောင့်ကြိုနေသော ဂိုမီကသူ့သားအားပြေး၍ဖက်တယ်။

' အဟင့်ဟင့် နေကောင်းအောင်နေနော် သား '

မျက်နှာလေးအားလက်ဖြင့်အသာအယာကိုင်ရင်းငိုရိုက်သံနှင့်ဆိုလာသော အမေဖြစ်သူကြောင့်သူမျက်ရည်များစို့တက်လာပေမယ့် ငိုချလိုက်လို့မဖြစ်ဘူးဆိုတာ သူသိထားပါတယ်။ မသွားခင်အချိန်လေးအတွင်းတော့ မေမေ့ရှေ့မှာသန်မာပြမှရမယ်မဟုတ်လား။

𝗕𝗮𝗯𝘆 𝗝𝗲𝗼𝗻 [ 𝐕𝐊 ]Where stories live. Discover now