5

5.6K 549 62
                                    

[ Zawgyi ]

' မေမေ့ရဲ့ဂျွန်လေး ပြန်လာပြီပေါ့ '

အိမ်အဝင်အဝသို့ခြေလှမ်းလှမ်းမည်ကြံသေး ရုတ်ချည်းဆန်စွာထွက်ပေါ်လာသော မေမေ့အသံကြောင့် ဂျွန် တုန့်ခနဲလန့်ဖျန့်သွားတယ်။ နောက်ဆုံးတော့ မေမေပြန်လာခဲ့ပြီ အား....။

' မေမေ့ ! '

ကျောပိုးအိတ်အား ဆိုဖာပေါ်သို့ဖြစ်ကတတ်ဆန်းပစ်တင်ရင်း အမေဖြစ်သူအား သူအော်ကာ ပြေးဖက်တော့တယ်။

' ရှင့်....အမယ်လေး ၃/၄ရက်လောက်မတွေ့လိုက်ရတာကို နှစ်တွေအများကြီးခွဲသွားသလို ဖက်နေပါရောလား '

' ဟောလ်...ကျွန်တော့က အရမ်းလွမ်းနေခဲ့တာကို မေမေက ကျွန်တော့ကိုမလွမ်းဘူးလားဗျ '

' လွမ်းတာပေါ့ရှင် လွမ်းတာပေါ့ '

သူဆံနွယ်လေးတွေကို သပ်တင်ပေးပြီး ပြုံးရင်းဆိုနေသော မေမေက အန်ကယ်နဲ့ ဟန်နီးမွန်းခရီးမှာ သိပ်ကိုပျော်လာပုံရတယ်။

' ဒါနဲ့အန်ကယ်ဘယ်မှာလဲ မေမေ '

' ခေါင်းနဲနဲနောက်နေလို့တဲ့လေ...အခန်းထဲမှာအနားယူနေတယ် '

' ဒါဆို ကျွန်တော့အခန်းထဲလိုက်ခဲ့မေမေ ဟီးဟီး '

' ကောင်းပါပြီရှင် '

//

မွေ့ယာပေါ်သို့ ပစ်လှဲလိုက်သော ဂျွန့်ဘေးသို့ ဂိုမီဝင်ထိုင်လိုက်တယ်။ ချက်ချင်းဆိုသလို ပေါင်ပေါ်သို့ခေါင်းတင်လာအိပ်နေသော သားဖြစ်သူကိုကြည့်ကာ အသည်းယားလွန်းသဖြင့် နှာခေါင်းလုံးလုံးလေးကို ခပ်ဖွဖွညှစ်ဆွဲလိုက်မိပါသေးတယ်။

' ထယ်ယောင်းနဲ့အဆင်ပြေရဲ့လား ဂျွန် '

ဂျွန်ချက်ခြင်းငြိမ်ကျသွားတယ်။ သူမေမေ့ကို ဘယ်လိုဖြေရမလဲ။ သူ့ကိုဆိုအမြဲတမ်း ကြမ်းတမ်းစွာစကားဆိုတတ်တဲ့ ခင်ဗျားကြီးအကြောင်းလား ၊ လမ်းလယ်ခေါင်မှာ ပစ်ထားခဲ့လို့ မိုးရေအစိုခံပြီး ခြေကျင်လျှောက်ပြန်လာရတဲ့ သူ့ရဲ့အကြောင်းလား ၊ သူစားမယ့်ထမင်းကြော်ပန်းကန်ကို ဘေစင်ထဲပစ်ချခဲ့တဲ့ ခင်ဗျားကြီးအကြောင်းလား ၊ ပါးနှစ်ဖက်လုံးအရိုးရာထင်အောင် ဆွဲညစ်သည်ကို မရုန်းနိုင်တဲ့ သူ့ရဲ့အကြောင်းလား ၊ ဂိုဒေါင်ထဲမှာ အစာမကျွေးပဲ စာနာမူ့မရှိပိတ်ထားခဲ့တဲ့ ခင်ဗျားကြီးအကြောင်းလား ၊ နူတ်ခမ်းတွေပေါက်ပဲသွားသည်အထိ ကိုက်ဆွဲခံလိုက်ရတဲ့ သူ့အကြောင်းလား ၊ ကျောင်းဝန်းထဲထိရောက်လာပြီး စိတ်အနှောက်ယှက်လိုက်ပေးနေတဲ့ ခင်ဗျားကြီးအကြောင်းလား သို့မဟုတ် အဲ့ဒီလူကိုမြင်တိုင်း တဒုန်းဒုန်းအခုန်မြန်တဲ့ သူ့ရဲ့စိတ်ခံစားချက်အကြောင်းလား...သူဘယ်ကနေ စပြီးပြောပြရပါ့မလဲ။

𝗕𝗮𝗯𝘆 𝗝𝗲𝗼𝗻 [ 𝐕𝐊 ]Where stories live. Discover now