6

5.6K 530 64
                                    

[ Zawgyi ]

ကျောင်းမသွားခင် သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ထမင်းခန်းထဲသို့ဆင်းလာမိသည့်အချိန်တွင် မေမေနှင့်အန်ကယ်တို့ မနက်စာလက်ဆုံစားနေသည်ကို သူ တွေ့လိုက်ရတယ်။

' ဒါလေးစားလိုက် ချစ် '

အန်ကယ်ကင်မ် က တစ်ခုပဲကျန်တော့တဲ့ အသားလိပ်ချောင်းလေးကို  မေမေ့ပန်းကန်ထဲသို့ ခက်ရင်းဖြင့်ထိုးကာ ထည့်ပေးနေတယ်။

' ရပါတယ် တစ်ခုပဲကျန်တော့တာကို...ကို' ပဲစားလိုက်တော့ '

မေမေကလည်း အကဲပိုကာ အန်ကယ့်ပန်းကန်ထဲကို ပြန်၍ထည့်ပေးလိုက်တယ်။

' မဟုတ်တာ ကိုယ်စားဆိုစားလိုက်ပေါ့ ချစ်ကလည်း '

' မဟုတ်တာ ကို'နော် မီစားဆို စားလိုက်ပေါ့ ဟွန်း '

အသားချောင်းတစ်ခုတည်းနှင့် အကဲပိုကာအချစ်စမ်းနေကြသော မေမေနှင့်အန်ကယ်ပင်ဖြစ်တယ်။ စိတ်သဘောထားကောင်းတဲ့ အန်ကယ့်လိုလူမျိုးနဲ့တွေ့ဆုံခွင့်ရတာ မေမေအဖို့သိပ်ကံကောင်းသည်ပေါ့။ အခုလည်း မေမေပျော်ရွှင်နေပြီဆိုတော့ သူ မပျော်လည်းဖြစ်ပါတယ်လေ။ မေမေပျော်ဖို့အဓိကပဲမဟုတ်လား။ အခုလည်း နှစ်ယောက်သာ ကြည်နူးနေကြပါရော ခစ်ခစ်။

တိတ်တိတ်လေးချောင်းကြည့်နေသော ဂျွန်၏အနောက်တွင် ခပ်တင်းတင်းရပ်ကြည့်နေသော ထယ်ယောင်းရှိနေသည်ကို မည်သူမသိခဲ့ပေ။

ဒီလိုမြင်ကွင်းမျိုးက ထယ်ယောင်းအဖို့တော့အင်မတန်စက်ဆုပ်ဖွယ်ကောင်းလွန်းသည်မဟုတ်လား။ အမေ့နေရာကို မေ့ဖျောက်အစားထိုးခဲ့တဲ့ အဖေ့ကိုသူသိပ်မုန်းပါတယ်။ မြင်ကွင်းထဲတွင် အကျဉ်းတန်ဖို့ကောင်းလွန်းအောင် ပေါ်လွင်နေသော မိထွေးနှင့်အဖေဖြစ်သူ၏ မနက်စာထမင်းစားဝိုင်းအစား ပြန်၍ဝင်ရောက်လာခဲ့သည်က တစ်ချိန်တုန်းက ပျော်ရွှင်မူ့အခိုက်အတန့်များသာဖြစ်တယ်။

" ဒါလေးဘယ်သူ့ကိုခွံ့ကျွေးရင် ကောင်းပါ့ ... မေကြီးကိုလား သို့မဟုတ် သားသားလေးကိုလား ဟဟ "

နောက်ဆုံးကျန်ခဲ့သည့် ထမင်းလိပ်တစ်လိပ်ကို တူဖြင့်ညှပ်ကာ ရယ်ကျဲကျဲဆိုနေသော ကင်ဆိုဟီးကြောင့် ထယ်ယောင်းပေါက်စလေးပါးစပ်ကိုအလိုက်သင့် ဟကားပေးလိုက်တယ်။

𝗕𝗮𝗯𝘆 𝗝𝗲𝗼𝗻 [ 𝐕𝐊 ]Where stories live. Discover now