1

19.8K 784 62
                                    

[ Zawgyi ]

' မင်္ဂလာပါ သား... အန်ကယ့်နာမည်က ကင်ဆိုဟီးလို့ ခေါ်ပါတယ် '

အရပ်ခပ်မြင့်မြင့် ၊ အသားဖွေးဖွေး ၊ အနောက်တိုင်းဝတ်စုံပြာကို စမတ်ခ်ကျကျဝတ်ဆင်ထားပြီး လေသံခပ်သြသြနှင့် လူတစ်ယောက်က သူနဲ့ သူ့မေမေကို အားရစွာ ပြုံးပြကာနူတ်ဆက်လာတယ်။

' သားဂျောင်ကု ... ပြန်ပြီး နူတ်ဆက်လိုက်လေ ဒါ မေမေ့ရဲ့ ... '

မေမေ့စကားမဆုံးခင်မှာပဲ သူအသေအချာသဘောပေါက်လိုက်ပါပြီ။ ထိုလူကြီးက သူ့ မေမေ လက်ထပ်မယ့်လူကြီးဆိုတဲ့အကြောင်းအရာကို။

' မင်္ဂလာပါဗျ ...... ကျွန်တော့နာမည် ဂျွန်ဂျောင်ကု လို့ခေါ်ပါတယ် အန်...ကယ် '

မပွင့်တပွင့်လေသံလေးနှင့် ပြန်ပြောလိုက်တော့ အရှေ့မှထိုသူက အားပါးတရရယ်ကာ သူ့ခေါင်းလေးကိုပုတ်ပြီးဆိုလာတယ်။

' ဟား ဟား ဟား သားလေးက ချစ်ဖို့ ကောင်း
လိုက်တာကွာ တကယ့်ကလေးလေးပဲ '

' ဟီး ကျေးဇူးပါ အန်ကယ် '

' အန်ကယ်လို့ မခေါ်ပါနဲ့ တော့ကွာ.. မနက်ဖြန်ရောက်ရင် သားမေမေနဲ့ အန်ကယ်က လက်ထပ်တော့မှာပဲကို ဟုတ်တယ်မဟုတ်လား '

'......'

သူဘာမှပြန်မပြောပဲ တိတ်ဆိတ်နေလိုက်တယ်။ ဒီလူကြီးက ကောင်းသလား၊ဆိုးသလား သူ မသိပေမယ့် မေမေရွေးချယ်လိုက်တဲ့သူဖြစ်တာကြောင့် နွေးထွေးမယ်လို့ ခံစားမိပါတယ်။ သို့ပေမယ့်လို သူ့မေမေကို မပေးချင်သေးပါဘူး။ အဲ့ဒီလူကြီးပိုလာလို့ မေမေက သူ့အပေါ်အချစ်လျှော့သွားရင် ဘယ်လိုလုပ်မလဲ။ မရပါဘူးနော် ဟွန်း...။

' ပြောရတာနဲနဲတော့ ရှက်ပေမယ့် အချစ်ကိုအခုလို ပြန်လည်ရှာတွေ့ မယ်လို့ အန်ကယ်လည်းပဲ မထင်ထားမိဘူးလေ....သားအမေက အန်ကယ့်အရင်ဇနီးလေးနဲ့ သိပ်ကို တူလွန်းတာမို့လည်း အန်ကယ်က ပိုပြီးစွဲလမ်းမိသွားတာနေလိမ့်မယ် '

' အော် ဟုတ်ကဲ့ ဟဲဟဲ '

သူ့ရဲ့မျက်နှာလေးကိုတော့ မေမေက အရိပ်တကြည့်ကြည့်ပါပဲ။ သူသဘောမကျမှာ စိုးနေရှာတယ်နေမှာ...။

𝗕𝗮𝗯𝘆 𝗝𝗲𝗼𝗻 [ 𝐕𝐊 ]Where stories live. Discover now