27

3.7K 367 61
                                    

( Z )

အရူးကောင်လီဂျွန်ဟို...မင်းငါ့ကိုဒီတိုင်းထားသွားလို့မရဘူးလေ။

အေးစက်နေတဲ့ကြမ်းပြင်ပေါ် ဒူးထောက်လျက်ဂျွန်ဖြေမဆယ်နိုင်အောင် တရူံ့ရူံ့ငိုနေမိတယ်။

ဒီနေ့က ဂျွန်ဟို့ဈာပနပွဲလေ...။

ပြောတော့ ငါမျက်ရည်ကျတာကိုဘယ်တုန်းကမှမမြင်ချင်ခဲ့ဘူးဆို ... ဒါဆိုဘာလို့ အခုလိုမျိုး ငါ့ကိုငိုအောင်လုပ်နိုင်ရတာလဲ။

ပြောတော့ ငါ့ကိုမထားသွားဘူးဆို ဒါဆိုဘာလို့....မင်းရဲ့အခုလိုပုံစံကိုငါရပ်ကြည့်နေရတာလဲ။

ပြောတော့ မင်းရင်ခွင်ကငါ့ရဲ့ဝမ်းနည်းမူ့တွေကို စုပ်ယူပေးမယ့်စက်ဆို ဒါဆိုဘာလို့ငါ့ကိုလာပြီးမပွေ့ဖက်ပေးရတာလဲ အရူးရဲ့။

မင်းမရှိတော့ ကျောင်းကလူတွေငါ့ကို အနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲ။ ငါ့မှာသူငယ်ချင်းဆိုလို မင်းတစ်ယောက်တည်းရှိတယ်ဆိုတာ သိရဲ့သားနဲ့ အဲ့လိုမျိုးမလုပ်ပါနဲ့။

ကျေးဇူးပြု ပြီး အိမ်မက်ဖြစ်ပေးဖို့မျှော်လင့်နေမိတယ်။ ဓာတ်ပုံမှန်ဘောင်ထဲတွင် ပြုံးရယ်စွာနေရာယူထားတဲ့ ဂျွန်ဟိုကိုလည်း နူတ်မှထွက်ရန်အားမရှိတော့တဲ့စကားစုတွေကို မျက်ရည်များနှင့်ငေးကြည့်၍ စိတ်ထဲမှတရိုက်ရိုက်ငိုယိုပြောနေမိတယ်။

' တောင်းပန်ပါတယ် ဂျွန်ဟို ... အေးချမ်းစွာအနားယူပါ '

မင်းကိုအမြဲလွမ်းနေမယ်။

**

အဲ့ဒီနေ့ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက လီအိမ်တော်အတွက်ရိုက်ခတ်မူ့ အလွန်ပြင်းထန်လွန်းတယ် ။ သားဖြစ်သူရဲ့ မတော်တဆမူ့ကိုကြားလိုက်ရတဲ့ ဝန်ကြီးချူပ်လီကတော့ ကြားကြားချင်း အထိတ်တလန့်နဲ့ရှော့ခ်ရပြီး သားဖြစ်သူဈာပနပွဲတောင်မရောက်လာနိုင်တဲ့အထိ ဆေးရုံကုတင်ပေါ်မှာ မေ့မျောလျက်သတိမေ့လို့နေခဲ့တယ်။ ရဲစခန်းကိုယ်တိုင်သွားပြီး ဖြောင့်ချက်သွားပေးခဲ့တဲ့ လီအန်နာကြောင့်လည်း လီအိမ်တော်ရဲ့ဂုဏ်သိက္ခာကို လူတွေရူံ့ချကဲ့ရဲ့ကြတယ်။ နိုင်ငံရေးလောကထဲက လူကြီးပိုင်းတွေဖြစ်သလို လီအိမ်တော်ရဲ့ မသေးသိမ်လှတဲ့ အရှိန်အဝါကြောင့် သတင်းစာခေါင်းကြီးပိုင်းတွေနဲ့ သတင်းထုတ်လွှင့်မူ့တွေမှာ ဝန်ကြီးချူပ်လီရဲ့ရွေးကောက်ပွဲပိုင်းနဲ့ပတ်သတ်ပြီး အားလျှော့သွားတဲ့ထောက်ခံသူတွေအကြောင်းရယ် ငယ်ငယ်ရွယ်ရွယ်နဲ့လွင့်ပါးသွားတဲ့ လီအိမ်တော်ရဲ့တစ်ဦးတည်းသောသားဖြစ်သူအကြောင်းရယ် ၊ စစ်ဆေးအဖမ်းခံနေရတဲ့လီမျိုးရိုးရဲ့အကြောင်းတွေရယ် တစ်နိုင်ငံလုံးပလူပျံလို့နေတယ်။ ဒီလိုပဲလေ လူ့လောကကြီးရဲ့သဘာဝကိုက အားနည်းချိန်အမိဖမ်းပြီး ဝေဖန်ပြစ်တင်နေတတ်ကြတာပဲ။

𝗕𝗮𝗯𝘆 𝗝𝗲𝗼𝗻 [ 𝐕𝐊 ]Where stories live. Discover now