"Chanyeol မင်းကြည့်လဲ လုပ်ဦးနော် !ဟိုကောင်နဲ့ ပုကျု နဲ့က အခုတလော တအားကပ်နေသလိုပဲ"
Sehun မေးဆတ်ပြရာနေရာဆီ Chanyeol လှမ်း
ကြည့်လိုက်တော့ ကစားကွင်းဘေးက ခုံတန်းရှည်
ပေါ်မှာ ပုကျူနဲ့အတူ Hunmin ဆိုတဲ့ကောင်ပါ
ထိုင်နေတာ တွေ့ရသည်။ပုကျုက အအေးဗူးကို ပိုက်နဲ့ စုပ်သောက်နေပြီး
ဟိုသကောင့်သားကတော့ ခြေဟန်တွေနဲ့ရော လက်ဟန် တွေနဲ့ပါ စကားပြောနေသည်။ဘောလုံးကို မြေပြင်ပေါ်တစ်ချက်ပုတ်ချလိုက်ပြီး
လက်နဲ့ မြေပြင်ကြားမှာ ဘောလုံးကို ပုတ်ပြီးကစားနေလိုက်ရင်း သက်ပြင်းအသာချလိုက်သည်။"အဲ့ကောင်က ပုကျူကို ပရိုပိုစ့် လုပ်ထားတာ"
"ဟမ် !အဲ့ကောင်ကလား ?ပုကျူဘက်ကရောဘာ
တဲ့လဲ ?""မသိဘူး !"
"ဟ !!မင်းဟာကလဲကွာ.."
Sehun အမှန်ပင် စိတ်ပျက်လက်ပျက် တောင်ဖြစ်သွားရသည်။ ဒီကောင် Baekhyun ကိုအမှန်
အကန်ကြွေနေတာ Sehun အသိဆုံး...ဘယ်လောက်ပုကျူဘက်က Negative ပြနေတယ်ပဲဆိုဆို ဒီကောင် ကြိုးစားသင့်တယ် မဟုတ်
ဘူလား ?လူမှန်းမသိခင်ကတည်းက ဒီနှစ်ယောက် က အတူတူရှိလာတဲ့ သံယောဇဉ်နဲ့ ပုကျု ဘက်က ဘယ်လောက်ထိ ခါးသီးနိူင်မှာမို့လို့လဲ?
စနောက်ခံရတာ မကြိုက်လို့သာ ပုကျူက ကလေးစိတ်နဲ့ မုန်းတယ် လို့ မျက်စိစုံမှိတ်အော်နေ
သာ ပုကျူက မုန်းတယ်ဆိုတာ ဘာလဲ ဆိုတာတောင် သိရဲ့လားမသိ ....Sehun သက်ပြင်းသာချလိုက်မိသည်။ ဒီကောင်
ကလဲ ပုကျူ စိတ်ကို သိရဲ့သားနဲ့ ဒီအတိုင်း သူများလက်ထဲ အပါခံတော့မှာလား မသိဘူး....Hunmin က ကလေးမုန့်ပေးကြိုက်သလို ဖြစ်နေ
ပြီး ပုကျူကို မုန့်မျိုးစုံ ၀ယ်ပြီး သူ့ဘက် ပါလာအောင် စည်းရုံး နေသည်။ရည်းစားစကားလဲ ပြောထားပြီးပြီကို ပုကျူက အဖြေ မပေးသေးတော့ စိတ်ကမရှည်ချင်..."Baekhyun.. ကိုယ့်ကို အဖြေ မြန်မြန်ပေးတော့
လေကွာ !ဘယ်လောက်ထိ ကိုယ့်ကို စောင့်ခိုင်းဦး
မှာလဲ ?"
YOU ARE READING
" Pu Kyu "( Complete )