"ပုကျူ ...နိုးပြီလား?"
"အင်း"
ဖုန်းကို နားမှာကပ်လိုက်တာနဲ့ အသံဩရှရှ က နားထဲ စီး၀င်လာ၏။ပုကျူ ပြုံးကာ ကုတင်ပေါ် ငုတ်တုတ်ထထိုင်လိုက်ပြီး....
"Chanyeol..ငါလေ အရမ်းပျော်တာပဲ သိလား?ညက လဲ ကောင်းကောင်းအိပ်မပျော်ဘူး..."
"အင်း...ငါလဲ အဲ့လိုပဲ! မင်းကို လက်ထပ်ခွင့်ရတာကို တွေးမိတိုင်း ကုတင်ပေါ်က ထထ ခုန်နေရတယ်..အဟား.."
ပုကျု လဲ အတူရယ်မိသည်။ အသက်တွေ ငယ်ကြသေးတယ်ဆိုသော်ငြား... အချစ်တွေက နက်ရှိုင်းလွန်းသည့်အတွက် အတူလက်ထပ်ရမည့် အတွေးနဲ့ အပျော်တွေက ပြောမပြတတ်အောင်ပင်...ဖြစ်ရသည်။
"မျက်နှာသစ်တော့နော် ပုကျု....ငါ ရှစ်နာရီ လောက်မှ လာခဲ့မယ် ဟုတ်ပြီလား?"
"အင်း.."
ဖုန်းချပြီး ပုကျု ဝှီးချဲကို လှမ်းဆွဲကာ ကုတင်ပေါ်က ဆင်းလိုက်ပြီး နေရာပြောင်းဖို့ ကြိုးစားလိုက်သည်။
ကုတင်ပေါ်ကို လက်ထောက်ပြီး ဝှီးချဲပေါ် ထိုင်ရန် ပြင်လိုက်စဉ် ဘီးက အနည်းငယ်လည်ကာဝှီးချဲက အနောက်ကို ရွေ့သွားသည်။ ပုကျုက ထိုင်ချလိုက်တော့ အစွန်းကို ထိုင်မိကာ ဝှီးချဲပေါ်က ချော်ကျတော့သည်။
"အ..."
ဖင်ထိုင်လျက်ကျသဖြင့် သိပ်တော့ မနာသွားပေမယ့် လက်ထောက်လိုက်တော့ လက်က အနည်းငယ်နာသွားသည်။
"အား...ကျစ်!"
ခါတိုင်းလဲဒီလိုပဲ လုပ်နေကြကို...အခုကျမှ ပြုတ်ကျရတယ်လို့...ဘယ်လိုဖြစ်တာပါလိမ့်....
"ပုကျု...နိုးပြီလား? ဟင်..မေ့ပုကျု ဘာဖြစ်တာလဲ ..ပြုတ်ကျတာလား?"
"ဟုတ်.."
မေမေက ပုကျု ဆီအမြန်ပြေးလာရင်း တွဲထူပေးပြီးဝှီးချဲ ပေါ်ထိုင်စေသည်။
"လှမ်းအော်လိုက်တာ မဟုတ်ဘူး..!ဘယ်နားနာသွားသေးလဲ?ဒီနေ့ ဘယ်နေရာမှ နာလို့ မဖြစ်တာကို. ပုကျုရယ်..."
"မနာပါဘူး ရတယ်...ပုကျု မျက်နှာသစ်ပြီး ထွက်လာခဲ့မယ်လေ နော်.."
"အေး..အေး...မေမေ မနက်စာပြင်ထားလိုက်မယ်.. Chanyeol က အိမ်ကိုလာမှာလား ခန်းမကို တန်းသွားမှာတဲ့လား?"
YOU ARE READING
" Pu Kyu "( Complete )