"ငါ့ကြောင့်...ငါ့ကြောင့်ပါ.. Sehunရာ..ငါက သေသင့်တဲ့ကောင်ပါ....ငါ့ ကြောင့်ပါကွာ.."
"စိတ်ထိန်းပါဦး.. Chanyeolရာ..သူပြန်လာမှာပါ
သူ ဘာမှ မဖြစ်ပါဘူး.."နံရံကို ထိုးမိတဲ့ လက်သီးက သွေးတွေနဲ့ စုတ်ပြတ်
နေလဲ Chanyeol မှာ နာရကောင်းမှန်းမသိ..Sehun မှမထိန်းရင် နံရံကို ခေါင်းနဲ့ ခဏ ခဏ ပြေး တိုက်နေမိသည်။ Chanyeol ကမ္ဘာကြီးပျက်သွားသလိုပဲ..
ပုကျူ တစ်ခုခု ဖြစ်ရင် Chanyeol ဒီတိုက်ပေါ်က
ခုန်ချပစ်မှာ...ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိူင်ဘူး...ငယ်ငယ်ကတည်းက ခွေးကြီးတွေကြားသွေးတွေနဲ့ လူးလဲ ခဲ့ရတဲ့ ပုကျူ ကို တစ်သက်လုံးကာကွယ်သွားမယ် လို့ ဆုံးဖြတ်မိခဲ့ပြီးကာမှ ယခု လိုအဖြစ်ဆိုးမျိုးဆီကို Chanyeol ကပဲ ထပ်ပြီး တွန်းပို့လိုက် မိပြန်သည်။
"Park chanyeol ဘယ်မှာလဲ? "
အော်သံ နဲ့အတူ ပုကျူ အဖေ ဒေါသတွေနဲ့ လျှောက်လာသည်။ မျက်မှန် အောက်ကနေ တောင် နီရဲပြီး ခက်ထန်နေသော မျက်လုံးတွေကို
အတိုင်းသားတွေ့လိုက်ရသည်။"ဦးလေး !"
"ခွပ်.."
"မင်းကို ငါအသေသတ်ပစ်မယ် ! Park chanyeol..မင်းကို ငါ သတ်ပစ်မယ်ကွာ..ငါ့သား
ငါ့သား...လေး..ကို "အားပြင်းတဲ့ ထိုးချက်ကြောင့် Chanyeol ကြမ်းပြင်ပေါ်လဲကျ သွားပြီး မထနိူင်...
ပုကျူ အဖေက မျက်ရည်တွေလဲ စီးကျလျက် Chanyeol အင်္ကျီကော်လံကို မလွှတ်တမ်းဆွဲဆုတ်ထားခဲ့ပေမယ့် နောက်တစ် ခါ ထပ်ထိုးနိူင်
တဲ့ အင်အားမရှိပဲ ရသ်ဘတ်ထဲ စို့နင့်လို့သာနေ
တော့သည်။ဒီလိုနဲ့ လူကြီး ဖြစ်သူ ကပါ ထပ်ပြီး မူးမေ့လဲသွား
မှာစိုးလို့ Sehun ကပဲ ဖျော့ဖျရပြန်သည်။"ဦးလေး စိတ်လျော့ပါ.. Chanyeol လဲသူ့အမှားသူ သိပါပြီ...ဒေါသ လျော့ပါဦးလေး.."
Sehun ကကြားကနေ ဆွဲပြီး ဖျောင့်ဖျတာမို့ ဒေါ
သကြီးနေတဲ့ ပုကျူ အဖေက ထိုအခါမှ Chanyeolကိုလွှတ်ပေးကာ ၀မ်းနည်းတကြီး ငို
နေတော့သည်။အဖေ တစ်ယောက်ရဲ့ ရင်ထဲ သားဖြစ်သူကို ဘယ်လောက်ထိစိတ်ပူပြီး ဖြေဆည်နိူင်ဖို့ ခက်နေ
လဲ ဆိုတာ ဘေးကကြည့်ရူံနဲ့ နားလည်နိူင်ပါသည်။
YOU ARE READING
" Pu Kyu "( Complete )