2

953 162 5
                                    

ထမင်းစား ချိန်ပြီးတော့ ပုကျုနဲ့ Luhan က တစ်ယောက်လက် တစ်ယောက်တွဲ၍ အခန်းထဲ ၀င်လာကြတာ‌တွေ့လိုက်ရသည်  Chanyeol က အရင်ရောက်နေကာ ပျင်းပျင်းရှိတာနဲ့ စာအုပ်ထက် ပုံတစ်ပုံကောက်ဆွဲနေလိုက်သည်။ရောက်တတ်
ရာရာ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ် သာ ဆွဲလိုက်ပေမယ့် ထိုပုံက ပုကျူ၏ ခေါင်းလုံးလုံး နှင့်
နောက်ကျောဘက်ပိုင်းပုံဖြစ်နေခဲ့သည်။

ကျောင်းတက်ကာနီးပြီ ဖြစ်၍ အတန်းသားတွေ တစ်ယောက်ပြီး တစ်ယောက် ၀င်လာကြပေမယ့်
Chanyeol အာရုံက ခဲခြစ် ပုံပေါ်မှာ သာ အာရုံရှိ
နေခဲ့သည်။ လိုတာတွေ ရေးဆွဲပြီး အပြီးသတ်နိူင်
ခဲ့တဲ့ ပုံလေးကို ခပ်ပြုံးပြုံး ကြည့်နေမိတုန်း...

"အား..."

Chanyeol မှာ လန့်ဖျပ်ကာ လက်ထဲက စာရွက်
လေးတောင် လွတ်ကျသွားရသည်။ စူးနေအောင်
အော်လိုက်သံက ပုကျူ ထံမှ ဖြစ်တာမို့ ပူပန်စိတ်
က ထိန်းမရနိူင်ဘဲ မတ်တပ်တောင် ထရပ်မိသည်
အထိ ..

အတန်းချိန်နီးလာပြီ မို့ စာအုပ်တွေ ထုတ်ရန် လွယ်အိတ်ထဲ လက်နှိုက်လိုက်ချိန် ပိုးဟပ်အရှင်
‌တွေက လွယ်အိတ်ထဲမှ ထွက်ကျလာပြီး ပုကျူ
လက်တွေပေါ် ခုန်တက်ကုန်တာမို့ လန့်ဖျပ်ကာ
အော်လိုက်မိခြင်းဖြစ်သည်။ Chanyeol လှမ်းကြည့်လိုက်တော့ ခုန်ဆွ ခုန်ဆွဖြစ်နေတဲ့ ပုကျူနဲ့
လုဟန် ခုံမှာ ပိုးဟပ်တွေက ဟိုတစ်ကောင် ဒီတစ်
ကောင်ပျံ့ကျဲနေသည်။အကောင်ပလောင်တွေကို
ကြောက်တတ်တဲ့ ပုကျူ အကြောင်းသိတာမို့ Chanyeol ဘာမှ တွေးမနေနိူင်တော့...

"ပုကျူ "

Chanyeol ပြေးသွားကာပုကျူ လွယ်အိတ်ကို မ ယူလိုက်သည်။လွယ်အိတ်ကို သွန်ချလိုက်တော့ ယွစိ ယွစိ သွားနေတဲ့ ပိုးဟပ်သုံးလေးကောင်ကခုန် ထွက်လာတော့သည်။

"ဒါ ဘယ်သူ လာထည့် !!"

"ခွပ် "

"အ "

မျက်နှာထက်ပူခနဲ ဖြစ်သွားကာ Chanyeol အံ့ဩတကြီး ပုကျုကို ပြန်လှည့်ကြည့်မိလိုက်သည်။ ဗလိုင်းကြီး ထိုးခံလိုက်ရတာ နားမလည်..
ပူတက်သွားတဲ့ ပါးကို အုပ်ကိုင်လိုက်ချိန် Sehun
ကပါ အနားရောက်လာခဲ့သည်။

" Pu Kyu "( Complete )Where stories live. Discover now