ဒီ ရက်အတွင်း ပုကျု အခန်းထဲမှာ နေပြီးသေချာ
စဉ်းစားဖြစ်သည်။ တစ်ဖက်သတ် ထားခဲ့မိတဲ့
မကောင်းမြင်စိတ်ကိုလဲ လျှော့ချကြည့်သည်။ပုကျု အနည်းငယ် အဆင်ပြေ လာသော်လည်း
Chanyeol က ပေါ်မလာသေးပါ...ငယ်ငယ်ကတည်းက ပုကျု အပေါ် တစ်ခါမှ စိတ်ဆိုးပြီး။မခေါ်မပြောတာတွေ မရှိခဲ့တာမို့ ...ယခုလို သုံးလေးရက် ပျောက်နေခြင်းကို ပုကျု မနေတတ်ပါ..ဒါကြောင့် ကိုယ့်ဘက်ကပဲ အလျှော့ပေးရန်ပြင်
လိုက်ကာ ညနေ နေအေးတော့ Chanyeol အိမ်
သို့ သွားကြည့်ရန်တွေးထားလိုက်သည်။အဲ့ဘက်အိမ်ကိုသွားကြည့်ချင်လွန်းသဖြင့် ပုကျု
မှာ အိမ်က အလုပ်သမား တွေထံ အကူအညီတောင်းပြီး အောက်ထပ်သို့ ဆင်းရသည်။ အိမ်အကူ ကောင်မလေးတစ်ယောက် တွန်းပြီး ပို့ပေးတာမို့ ပုကျု တစ်ဖက်အိမ်သို့ရောက်ခဲ့၏။"ဟယ်! ပုကျုလာတယ်.."
Chanyeol အမေက ပုကျု ဧည့်ခန်းထဲထိ တွန်းလာပေးပြီး စကားတွေပြောသည်။
"Chanyeol လေ..ဟို...မ..မလာလို့.."
ကိုယ်ကပဲ တစ်ချိန်လုံး အထက်စီးကပဲ နေနေပြီး
အခုလို အိမ်တောင်လိုက်မေးရတော့ ပုကျု ရှက်
တောင် ရှက်သည်။"Chanyeolရယ်လေ!ပြောမကောင်းဆို မကောင်း...တစ်ညက အရက်တွေမူးလာပြီးနောက်ရက်ကတည်းက ဖျားလိုက်တာ .."
"ဟင် "
"စားလဲ မစား ဆေးလဲ မသောက်ဘဲ ပေကပ် နေတယ် ဒီနေ့အထိ အခန်းထဲကလဲ မထွက်.."
"ကျွန်တော် ကြည့်ချင်တယ်"
အပေါ်ထပ်ထိ မလိုက်သွားနိူင်တာကြောင့် ပုကျူက အောက်မှာပဲ စောင့်နေလိုက်သည်။ လူနာ
အိမ်ရောက်ပြီး လူနာကလာအတွေ့ခံရမည့် အဖြစ်ကိုရောက်နေသော်လည်း မတတ်နိူင်..အတော်ကြာမှ Chanyeol အပေါ်ထပ်ကဆင်းလာတာကိုတွေ့လိုက်ရသည်။ ဆံပင်တွေကလဲဖွာထွက်နေတာ မျက်နှာကလဲ စူပုတ်နေသည်။
နဂိုကမှ ကိုယ်လုံးကြီးပါတယ်ဆို Hoodies ပွပွကြီးကို ၀တ်ထားတော့ ပိုတောင် လူကောင်ကြီးနေသယောင်ပင်....
ပုကျု ဘေးကဆိုဖာပေါ် ၀င်ထိုင်လိုက်သည်အထိ
ဘာစကားမှ မပြော...ထို့ကြောင့်ပုကျု ကပဲ ချောင်းလေးဟန့်လိုက်ကာ..
YOU ARE READING
" Pu Kyu "( Complete )