20

645 72 15
                                    

"စိတ်ညစ်တယ် ..စိတ်ညစ်တယ် ပုကျု စိတ်တွေ
ကိုးဆယ်ရာခိုင်နှူန်းလောက် အထိကိုညစ်တယ်..."

နေရင်း ထိုင်ရင်း ဘာထ ဖြစ်လို့ ဖြစ်မှန်း မသိ တစ်အိမ်လုံးဆူညံပွက်အောင် တဆာဆာအော်‌ နေသော ပုကျူ‌ ကြောင့် မနက်ခင်းစောစော ဘယ်သူမှ ဆက်အိပ်လို့ပင် မရတော့ဘဲ နိုးထ လာရတော့သည်။

ပုကျူ မေမေက အိပ်မှုန်စုန်မွား မျက်နှာပင်မသစ်နိုင်ဘဲ အသံလာရာဆီ ညအိပ်၀တ်စုံကြီး တဖားဖားဖြင့်ပြေးလာရင်း...

" ဟဲ့...ဟဲ့ ဘာဖြစ်တာလဲ...ပုကျူ..ဘာဖြစ်လို့လဲ"

ရောက်လျှင် ရောက်ချင်း နှာခေါင်းတက်ချိန်မတတ်ဖြစ်နေသော နှုတ်ခမ်းစုထော်ထော်တို့ တလှုပ်လှုပ်ဖြင့် ပုကျု က စူပုတ်လျက်မျက် မှောင်ကြုတ်ကာ...

"ဘာဖြစ်လို့ တစ်အိမ်လုံး၀ီရိယ မရှိကြတာလဲ..
ပုကျု တောင် အစောကြီး နိုးနေပြီ ဘာဖြစ်လို့ တစ်အိမ်လုံး မထကြတာလဲလို့..."

"ဟင်..."

ပုကျု အမေခမျာ နာရီကို မော့ကြည့်ရင်း ဝါး ခနဲသန်းကာ...

"အခုထက်ထိ ငါးနာရီတောင် မထိုးသေးဘူးလေ..
မေ့ပုကျု..နာရီမှားပြီးထနေတာလား? လာ လာ မေမေ ပြန်သိပ်မယ်..."

"မအိပ်ပါဘူး..မအိပ်ပါဘူး..လူဆိုတာ စောစောထရမယ်တဲ့...ဒါမှကျန်းမာရေးကောင်းပြီး အသက်ရှည်မှာတဲ့...အိပ်ရာစောစော ထတယ်ဆိုတာ အလေ့အကျင့်ကောင်းတဲ့လေ.."

"အံမယ်..စကားကြီးစကားကျယ်တွေပြောနေပါလား...ပြောပါဦး အဲ့စကားက ဘယ်သူ့စကားမို့ ဒီလောက် နားထောင်နေတာတုန်း.."

"Chanyeol ကပြောတယ်လေ... အိပ်ရာစောစောထရမယ်တဲ့...တကယ်ပါပဲ အိမ်ကလူတွေ ပုကျု
လောက်ကို ဝီရိယ မရှိကြပါလား ? စိတ်ညစ်တယ် စိတ်ညစ်တယ်..."

"နင် Chanyeol စကားနားထောင်ချင်ရင် နင်တစ်ယောက်ထဲ နားထောင်ပါလား ပုကျု ရဲ့ ဘာလို့ တစ်အိမ်လုံးကို အစောကြီး နိုးနေတာလဲ...တကယ်ပါပဲ..."

မေမေ့စကားကြောင့် ပုကျု နှုတ်ခမ်းလေးတွေ ထပ်မံ လုံးထွက်လာကာ...

"ပုကျု ဗိုက်ဆာနေပြီလေ...ဗိုက်ဆာနေပြီ...ပုကျု
ဆာဆာ..."

လေးနာရီကျော် လောက်ကပင် ထသောင်းကျန်းနေသော ပုကျုကြောင့် ဘယ်သူမှ ဆက်အိပ်လို့မရတော့ဘဲ တစ်အိမ်လုံး ထလာရတော့သည်။

" Pu Kyu "( Complete )Where stories live. Discover now