(အပိုင်း5 မှာ ပါတဲ့ သစ်ပင် ကို ဘာအပင် လုပ်ရမလဲဟင် အကြံပေးကြပါဦး)
..........🌼
ဘာမှန်းမသိခင်အရွယ်ကတည်းက ဘ၀ဟာပုကျူ နဲ့စခဲ့တယ်....ကလေး အရွယ်ကတည်းက တစ်ချိန်လုံးအတူရှိနေခဲ့ပေမယ့် သူတို့ နှစ်ယောက်ဆက်ဆံ ရေးဟာ ဘာလို့ လွှဲမှားနေလဲ
Chanyeol မသိဘူး...သေချာတာ တစ်ခုကတော့ ပုကျူ နဲ့ ပက်သက်ရင် Chanyeol ဘက်က မကောင်းတာ တစ်ခုမှ
မတွေးဖူးသလို ပုကျူ ဘက်ကလဲ Chanyeol အ ပေါ်ကိုကောင်းတာတစ်ခုမှ မတွေးပေးဖူးဘူး....ငယ်ငယ်တုန်းကတော့ ပုကျူ ငိုအောင် စရတာ ကြိုက်ပေမယ့် ..
ခံစားချက်တွေ ပုံဖော် လာနိူင်တဲ့ ဒီအချိန်မှာတော့
ပုကျူ ရယ်နေတာ ကိုပိုပြီး သဘောကျမိပါတယ်...🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အားကစားချိန်ရောက်တော့ တစ်ခန်းလုံး အားကစားလုပ်ရန် အတွက် အ၀တ်အစားလဲ ခန်းသို့ အလုအယက် သွားကြပြီ မို့ Chanyeol လဲ
Sehun နဲ့ပုခုံးချင်းဖက်ကာ အခန်းထဲ က ထွက်ရန်ပြင်လိုက်တယ်....တစ်ယောက်နဲ့ တစ်ယောက် စနောက်နေရာက နေ
ပုကျူ ရှိရာ ခုံကို ကြည့်မိသွားတော့ ပုကျူ တစ်
ယောက်ထဲ စာ တွေသာကုန်းရေးနေပြီး ထဖို့ စိတ်ကူး မရှိပုံပဲ.... Chanyeol စနောက်နေရာမှ ငြိမ်သွားကာ..."Sehun !သွားနှင့်ကွာ လိုက်ခဲ့မယ်.."
"အိုကေ..မလာလို့မရဘူးနော် ဟေ့ကောင် အစမ်းပွဲက ဟိုအတန်းကကောင်တွေနဲ့.."
"အေးပါ ငါသိပါတယ်..."
Chanyeol ထင်တဲ့ အတိုင်းပဲ ပုကျူ တစ်ယောက်ထဲ သာ အခန်းထဲ ကျန်ခဲ့ပြီး စာတွေကုန်း
ရေးနေဆဲ ဖြစ်သည်။ Luhan တောင် ကစားဖို့ထွက်သွားပြီကို ပုကျူ ကဘာလို့ တစ်ယောက်ထဲ
နေခဲ့တာလဲ..ပုကျူက အားကစားလုပ်ဖို့ စိတ်မ၀င်စားဘူးဆိုပေမယ့် အခန်း ထဲ တစ်ယောက်ထဲ နေခဲ့တာကို
Chanyeol မမြင်ဖူး...."ဟေ့ ! ဘာလုပ်နေတာလဲ?"
ပုခုံးပုတ်ကာ ခေါ်လိုက်တော့ မျက်လုံး လှန်ကြည့်လာပြီး မှ ဂရုမစိုက်ဟန် ဖြင့် သူ့စာသူ ကုန်းရေး
နေပြန်သည်။
YOU ARE READING
" Pu Kyu "( Complete )