"ဘယ်လိုနေလဲ ? အန်တီ.."
"ဆေးသောက်ပြီး အိပ်သွားပြီ.. Chanyeol ..သူ
ဘယ်လိုမှ မနေဘူးလား?"ပုကျူ မေမေရဲ့ အမေးကို Chanyeol သက်ပြင်း
ချရင်းသာ ခေါင်းယမ်းပြလိုက်မိသည် ။ရေထဲမှာ ပုကျူက ကြောက်လန့်ပြီးရုန်းကန်နေတာပဲရှိတာ..
ခြေထောက်တွေက ဘာမှ မထူးခြားခဲ့....
Chanyeol ရေထဲ ခုန်ဆင်းပြီး ခေါ်ခဲ့တဲ့ အချိန်မှာ
ပုကျု ကို Chanyeol ကရေနစ်ပြီးသတ်ပါတယ်ဆိုပြီး အော်ငိုနေခဲ့တာ...ပုကျု မေမေတို့လာပြီး ချော့ပြောမှ ငြိမ်သွားတာ
ဖြစ်သည်။Chanyeol အားလျော့နေတဲ့ ပုံစံကို မြင်တော့ ပုကျူ မေမေကပဲ တစ်ဖန် အားပေးရပြန်သည်။
"ဒီတစ်နည်း နဲ့ မဟုတ်လဲ နောက် တစ်နည်းနဲ့ကြိုးစားကြည့်ကြတာပေါ့ သားရယ်...အရမ်းလဲ
စိတ်ဓာတ်မကျသွားပါနဲ့.."အန်တီက ပြန်လည် နှစ်သိမ့်နေရတော့ Chanyeol အားနာလာ၏။
လက်ဖဝါး နှစ်ဖက်ကို မျက်နှာပေါ်အုပ်၍ Chanyeol ငြိမ်သက်နေရာမှ ပုခုံးတွေ တုန်လာ
ခဲ့ပြီး ရှိုက်ငိုမိ တော့သည်။ရုတ်တရက်ကြီး ငို တာ
မို့ ပုကျူ မေမေခမျာ.. Chanyeol ကျောကိုပုတ်
၍..."ဘာလို့ငိုတာလဲကွယ်! ၀မ်းနဲ့လွယ်မွေးထားရတဲ့
ဒီ အမေငို ဖို့လဲ ထားပါဦး..""ကျွန်တော် အားနာရလွန်းလို့ ဘယ်လို အသက်ရှင်ရမလဲတောင်မသိတော့ပါဘူး..ပုကျုအ ပေါ်ရော အန်တီတို့အပေါ်မှာရော ကျွန်တော် အားနာ
လှပါပြီ...ပုကျု အခုလို ဖြစ်ရတာ ကျွန်တော့်ကြောင့်ပါ...ကျွန်တော့်ကြောင့်..""ဪ !ကလေးရယ်..ဖြစ်ကံပါလို့ ဖြစ်ရတာပါ..
အခုချိန်မှ သားကြောင့် ဆိုပြီး ယူကြုံးမရဖြစ်နေ
လို့ရော ဘာထူးတော့မလဲ ? အခုလဲ သားအပြစ်
တွေကို သိပြီး ပုကျု လေးအပေါ်ပြန်ပေးဆပ်နေ
ပြီပဲကွယ်...""ကျေးဇူးတင်ပါတယ်..အန်တီ.."
"ကဲ..သွား..ပုကျူ အိပ်ပျော်နေတာ သွားကြည့်ချင်ကြည့်..တိုးတိုးနော်..တိုးတိုး .."
"ဟုတ်.."
ပုကျု မေမေက နှုတ်ခမ်းပေါ်လက်ညိုးလေးတင်
၍ တိုးတိုး ဆိုပြီးလုပ်ပြနေသည်။ Chanyeol ခေါင်းငြိမ့်ပြကာ နှာတရှုံ့ရှုံ့နဲ့ ပုကျု အခန်းထဲ၀င်လာလိုက်သည်။
YOU ARE READING
" Pu Kyu "( Complete )