Chanyeol သွားတိုက် မျက်နှာသစ်ပြီး တော့မနက် ခုနှစ်နာရီခန့်ရှိပြီ ဖြစ်သည်။ မျက်နှာပေါ်ရှိရေတို့ကို ပြောင်အောင်သုတ်လိုက်ပြီးတာနဲ့ ပုကျူကို မျက်နှာလေးပဲ ပေါ်သည်အထိ စောင်ဆွဲခြုံပေးလိုက်ကာ နဖူးမို့မို့ အနမ်းဖွဖွခြွေရင်း အခန်းထဲက ထွက်လာလိုက်၏။
မနက်ခင်းအစမှာတင် ဟင်းနံ့တို့ မွေးပျံ့နေပြီ ဖြစ်သော မီးဖိုဆောင်ဆီသို့ အလာ အစောကြီး ထပြီး
ဆော့နေတဲ့ ရှီဝူး က ပြေးလာတာ မြင်လိုက်ရသည်။ Chanyeol ရပ်ကြည့်နေပေမယ့် Chanyeol ဆီလာတာမဟုတ်ဘဲ Chanyeol နဲ့ပုကျူ ညက အိပ်ရတဲ့ အခန်းထဲ ပြေး၀င်ရန် ပြင်
နေတာကြောင့် Chanyeol အမြန်ကောက်ပွေ့ထားလိုက်ရကာ..."ဘယ်သွားမှာလဲ?"
"ဦးဦးဆီ "
ရှီဝူးလေးက Chanyeol လက်အတွင်းယက်ကန် ယက်ကန်ဖြစ်နေတာ ပုကျူ သဏ္ဌာန်တူနှုတ်ခမ်းပါးလေးကိုလဲ ထော်လန်ထားသည်။
"မင်း ဦးဦး အိပ်နေတုန်းပဲရှိသေးတယ် သွားမနှောင့်ယှက်ရဘူး.."
"သားသားက ဦးဦးပုကျူကို သွားနိူးမှာ !"
"မနိူးရဘူး...သွား သွား အပြင်မှာသွားဆော့.."
Chanyeol ကလေးကို အေယက်ပြန်ချ ပေးလိုက်ကာအခန်းရှေ့ ပိတ်ရပ်ထားတော့ ရှီဝူးက မျက်လုံးလေးလှန်ကြည့်နေရှာသည်။
"သွားနော် ! ငါ ရိုက်လိုက်ရမလား?"
"အဟင့်..ဟင့် ဗြဲ.."
ခြေကိုဆောင့်ကာ ဆောင့်ကာ ငိုယိုပြီးထွက်သွားသော ရှီဝူးလေးကြောင့် Chanyeol မျက်မှောင်ကြူတ်သွားရသည်။
ဘာလို့ အကျယ်ကြီး အော်ငိုရတာလဲ ဒီကလေးနဲ့တော့... ပုကျူ အိပ်ပျော်နေတာကို နိူးတော့မှာပဲ...
Chanyeol အခန်းဘက် ခဏတာ လှည့်ကြည့်ပြီးမှ မီးဖိုဆောင်ဆီ လာခဲ့လိုက်တော့သည်။ကိုယ့် ဆွေကိုယ့်မျိုးမဟုတ်တာကြောင့် အခန့်သား အိပ်နေဖို့ကို အားနာရသည်ကြောင့် ကူလုပ်လို လုပ်ရမလား အတွေးနဲ့ လာခဲ့ခြင်းဖြစ်သည်။
ရှီဝူးမှအစ တစ်အိမ်လုံး တတ်ကြွနေကြပြီဖြစ်သော်လည်း ပုကျူ တစ်ယောက်ကတော့ အိပ်ကောင်းဆဲဖြစ်သည်။
YOU ARE READING
" Pu Kyu "( Complete )