13

803 134 11
                                    

ပုကျု ရင်ဘတ်ပေါ် လက်နှစ်ဖက်တင်ကာ အိပ်မရသော မျက်လုံးတွေကို စိတ်တိုလာသည်။

ဝါကျင့်ကျင့်လေးမီးလေးထွန်းထားတာမို့ အခန်းထဲမှိန်ပျပျ မီးရောင်လေးသာ ရှိနေသော်လည်း ပုကျုအိပ်လို့ ဖြင့်မပျော်ပါ..

မျက်လုံးတွေသာ ပေကလပ် ပေကလပ်ဖြစ်ကာ
လက်ထိပ်လေးတွေနှင့် ကိုယ့် နှုတ်ခမ်းကို ပြန်စမ်းမိသွားသည်။

အခုနက ရုန်းလို့ ပင်မရ...

Chanyeol ရဲ့ နှုတ်ခမ်းထူထူတွေ ကြားထဲ ပုကျုရဲ့ နှုတ်ခမ်းတွေဟာ တကယ့်ကို အံ၀င်ခွင်ကျ...

ပူနွေးနွေးနဲ့ ဘယ်လိုကြီးလဲ မသိပါဘူး..
ပုကျု ရင်ခုန်လိုက်တာ..

"ဟီး.."

တစ်ယောက်ထဲ တွေးပြီး ရှက်သွေးဖြာ လာကာ
မျက်နှာကို စောင်နဲ့ဆွဲအုပ်ပြီး ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်နဲ့ ရှိနေရသည်။

အယ်..နေပါဦး...

အခု ငါက Chanyeol အနမ်းခံ ရလို့ ရှက်နေတာတဲ့လား? ဒီရင် ကရော ဘာလို့ ခုန်နေရတာလဲ?

သူ့ကို ပုကျု မုန်းနေတာ မဟုတ်ဘူးလား?

စောင်ကို ပြန်ဆွဲဖယ်လိုက်ကာ မျက်နှာကျက်ကို
ကြည့်ရင်း ပုကျူ ရဲ့ အောက်နှုတ်ခမ်းလုံးလုံးလေးကထော်ထွက်လာသည်။

ဟုတ်တယ်..ဟုတ်တယ် ပုကျုသူ့ကို မုန်းတယ်..
Chanyeol ကိုမုန်းတယ်..

"သူငါ့ကို တကယ်ကြီး ချစ်နေတာလား? တစ်ခါ
တစ်ခါကြည့်တဲ့အကြည့်က ကြက်သီးထစရာကြီး"

တစ်ဖန် တွေးရပြန်သည်။ တစ်ခါတစ်လေ Chanyeol ပုကျုကိုငေးကြည့်နေတတ်တာ ပုကျု
သိပါသည် ။

တစ်ခါတစ်ရံမှာ Chanyeol နှုတ်ခမ်းတွေက ပြုံးရိပ်သန်းနေတတ်ပြီး တစ်ခါတစ်ရံကျတော့လဲ ဆွေးရိပ်သန်းနေတတ်သည် ။

ပြီးရင် ပုကျု ဘာလိုချင်တယ် ဘာလုပ်ချင်တယ် ဆိုတာ တောင်းဆို စရာမလိုဘဲနဲ့ အပြေးလေးရောက်ရောက်လာတတ်ပြီး အလိုလိုက်ပေးတတ်
သေးသည်။

ဒါပေမယ့် လဲ မဟုတ်သေး..

ပုကျု မုန်းရမည်။
ချစ်တယ်ပြောပြီး နောက်တစ်ဖန်ရေထဲ တွန်းချခံ
ရမှာလဲ ပုကျု ကြောက်ပါသည်။

" Pu Kyu "( Complete )Where stories live. Discover now