"နင်ပါသွားရဲ့သားနဲ့ကို ကလေးက အဲ့လို ဖြစ်တာလေ ! အသုံးကိုမကျဘူးတကယ်ပဲ !"
"အမေကလဲ ကျွန်တော်က ခဏလေးမုန့်သွား၀ယ်တာပါဆို !! တကယ်ပါပဲအဲ့ကလေးတွေလဲ အကုန်ရိုက်သတ်ပစ်လိုက်ရ မကောင်းရှိတော့မယ်..."
Chanyeol တို့သားအမိအံတကြိတ်ကြိတ် ဖြစ်နေတော့ ပုကျူမေမေကပဲ ရယ်မောကာ...
"ကလေးတွေဆိုတော့ မသိသေးလို့ ပြောတာပါ..
ထားလိုက်ပါကွယ် ""အန်တီကလဲ ပြောစရာက ပုကျူ တစ်ယောက်ထဲရှိတာလား? ကျွန်တော် နောက်ကျသွားလို့ မဟုတ်ရင် တစ်ယောက်မကျန် အရေခွံစုတ်ပစ်တယ်..."
လူကြီးတွေကြားမှာ ပုကျူကတော့ ငိုမဲ့မဲ့ကလေး ရှိနေတုန်းဖြစ်သည်။အရင်ကတည်းကမှ အပြင်ထွက်ဖို့ ခါးသီးနေတဲ့ပုကျူ က အခုဆို ပိုလို့တောင်အိမ်တွင်းပုန်းတော့ မှာ Chanyeol သိနေသည်။
Chanyeol သက်ပြင်းချကာ ပုကျူကိုလှမ်းကြည့်
လိုက်မိသည်။ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး...
မြန်မြန် လမ်းလျှောက်စေချင်လိုက်တာ...ကိုယ်တိုင် ခံစားရတာ ပုကျူ ဆိုပေမယ့် ဒီလူကပိုပြီး ရင်နာရသည်။ပုကျု တစ်ခါငိုရင် ဒီလူက ဆယ်ခါပြန်လောက် သေချင်သည်။
"လာ ! ပုကျု လာ.."
လူကြီးတွေကြားကနေ ပုကျုကို ခေါ်ထုတ်လိုက်ကာ ထမင်းစားခန်းထဲ ၀င်လာလိုက်သည်။
စိတ်ရှုပ်ရတဲ့ အခါတိုင်း နှစ်ယောက်ထဲ ရှိချင်သည်။
ထမင်းစားပွဲဘေး ပုကျူကို ထားလိုက်ကာ Chanyeolလဲ နံဘေးက ၀င်ထိုင်လိုက်သည်။
"ဘာစားချင်လဲ?"
ပုကျူခေါင်းယမ်းပြသည်။တစ်ချက် တစ်ချက်ရှိုက်နေဆဲ သိသာသည်မှာ ပုခုံးလေးတွေ တုန်ခါ
သွားလျက်..."တောင်းပန်ပါတယ်...တကယ် အနူးအညွှတ်"
"ဟင့်အင်း...မင်းအမှား မဟုတ်ဘူး.."
Chanyeol ပုကျု မျက်နှာနုနုလေးကိုငေးကြည့်ကာ..
"ကြိုးစားကြမယ် ပုကျူ...ဒီ အချိန်မှာကျတဲ့ မျက်ရည်တွေနဲ့ ငါတို့ အနိူင်ယူကြမယ်...အားမလျှော့ နဲ့နော်...ငါ မင်းဘေးမှာရှိနေမယ်...မင်း သေချာပေါက်လုပ်နိူင်မှာ ငါယုံတယ်..."
YOU ARE READING
" Pu Kyu "( Complete )