"ပုကျူ !မင်းတကယ်ကြီး ပြောနေတာလား?""အင်း..."
Luhan သည် အထိတ်တလန့်ဖြင့် ပုကျူ လက်ကိုတောင် ဆုပ်ကိုင်မိသွားသည်။တကယ့်ကို မယုံ
ကြည်နိူင်ခြင်းထက် ပုကျူ ဟာ ဒီလောက်တောင်
ဉာဏ်နည်းရသလား လို့ တောင် ဒေါသ ဖြစ်ဖြစ်နဲ့
တွေးမိသည် အထိ ...တကယ်ပါပဲ.. Hummin ကိုဆို Luhanသေချာတောင် မတွေ့ဖူးဘူး ..သူ့ အကြောင်းလဲ ဘာမှ မသိဘူး..ဒါကို ပုကျူ မနေ့ညမှာ အဖြေပေးလိုက်တယ်ဆိုတော့ ပုကျူ ကို ဒေါသလဲ ထွက်သည်။
အမှားကြီး လုပ်လိုက်တယ် လို့ လဲ သတ်မှတ်လိုက်မိသည်။
"Chanyeol သိပြီလား?"
"သူက အိမ်ကို ပြန်တိုင်မှာစိုးလို့ ငါမပြောပြထား
ဘူး !""ဘာပဲဖြစ်ဖြစ် မင်းပြောပြသင့်တယ် !ငါကတော့
အဲ့ဒီ Hunmin ဆိုတဲ့ကောင်ကို သဘောမကျဘူး""Hunmin လူကောင်းတစ်ယောက်ပါ.."
" ဟင်း !ပုကျူ ရယ်..မင်း သေချာလဲ ပြန်စဉ်းစား
ကြည့်ပါဦး..ရည်းစားလဲ တစ်ခါမှ မထားဖူးဘဲ နဲ့..
မင်း ညာခံရရင် ဘယ်လိုလုပ်မလဲ?ငါကတော့ Chanyeol ကိုပြောပြသင့်တယ် လို့ထင်တယ် ""ကျစ် ! ဘာလို့ အဲ့ဒီ Chanyeol ကပါလာပြန်ပြီ
လဲ?"ချက်ချင်း အလိုမကျဟန်ပြောင်းသွားတဲ့ ပုကျူ
ကို Luhan နားမလည်ပါ...ပုကျူက ဘာလို့ ဒီလောက်တောင် ဆိုးသွမ်းနေရသည်လဲ....မေပယ်ရွက်တွေ တစ်တန်းကြီးရှိတဲ့ လှေကားလမ်းလေးမှာ ဖြတ်သွား ဖြတ်လာတွေကို ဂရုမစိုက် မိတော့တဲ့ အထိ Luhan နဲ့ပုကျူ ကတောက်ကဆ ဖြစ်လာခဲ့သည်။
"တစ်ချိန်လုံး ဘာလို့ အကုန်လုံးက Chanyeol မှ
Chanyeol ပဲ ဖြစ်နေရတာလဲ? ငါက ငါ့ဘ၀နဲ့ငါပါ..ငါ့ရပ်တည်မူနဲ့ငါ...ဘာလို့ Baekhyun ဆိုတာ
နဲ့ Chanyeol ကိုပဲ တွဲမြင်နေကြတာလဲ?"" Chanyeol က မင်းအပေါ် ကာကွယ်ပေးနိူင်ဆုံး
ပဲ...မင်းကသာ မသိတာ Chanyeol ကမင်းကိုအဝေးမှာဖြစ်ဖြစ် အနီးမှာ ဖြစ်ဖြစ် မင်းကိုအမြဲ
စောင့်ရှောက်ပေးတယ်...ငါတို့ အားလုံးမြင်တယ်""မင်းတို့က အပေါ်ယံတွေပဲ မြင်တာလေ...သူ့ကြောင့် ငါအမြဲစိတ်ဆင်းရဲရတာတွေ စိတ်ရှုပ်ရတာတွေ ငိုရတာတွေ ကိုမှ မမြင်တာ.. Chanyeol
က ငါ့ကိုဆို အရုပ်လေးတစ်ရုပ်လိုပဲ သဘောထား
တာ ဘယ်တုန်းကမှ ငါ့ကို ဦးစားမပေးဘူး.."
YOU ARE READING
" Pu Kyu "( Complete )