14

778 140 11
                                    

"မသွားချင်ဘူး..."

"ဘာလို့လဲ ပုကျုရဲ့..ဟိုနေ့က ဆရာ၀န်ကြီးက
ပြောတယ် လေ လေကောင်းလေသန့်များများရှု
ရမယ်..လေ့ကျင့်ခန်းလဲ လုပ်ရမယ်တဲ့ အိမ်မှာပဲ
အမြဲနေတော့ မင်း ကျန်းမာရေးအတွက် ဘယ်ကောင်းပါ့မလဲ ပုကျု ရဲ့..ပုကျုက လိမ္မာပါတယ်"

Chanyeol အတော်လေး ချော့ မော့ပြောပြီးမှ
ပုကျု ကလက်ခံလာခဲ့သည်။ ပုကျုကို ကားထဲ ထည့်ပြီး မှ ဝှီးချဲကိုခေါက်၍ နောက်ခန်းထဲ ထည့်နေတုနိး ပုကျု မေမေက စိတ်မချဖြစ်နေဟန်ဖြင့်Chanyeol ကိုတတွတ်တွတ်မှာနေသည် ။

"သေချာရဲ့လား Chanyeol ရယ်..ပုကျု လေးတစ်ခုခု ထပ်ဖြစ်ရင် အန်တီ ရင်ကျိုး ရမှာ.."

"ကြိုးစားကြည့်ရမှာပေါ့ အန်တီရယ် ..ထပ်ပြီးပုကျု ဘာမှ မဖြစ်စေရပါဘူး..သူတစ်ခုခုဖြစ်ဖို့လဲ
ကျွန်တော် ခွင့်ပြူမှာ မဟုတ်ဘူး..ကျွန်တော် ရှိပါ
တယ်..အန်တီ စိတ်မပူပါနဲ့.."

"ဟင်း..အန်တီ လဲ လိုက်ကြည့်ချင်ပေမယ့် မကြည့်ရက်ဘူး သားရယ်..."

အန်တီ့ကို စိတ်ချဖို့ အတန်တန်ပြောပြီး Chanyeol တို့ထွက်လာခဲ့လိုက်သည်။ ဘာမှ မသိတဲ့ ပုကျုကတော့ သီချင်းအေးအေးကို နား
ထောင်ရင်း အပြင်သို့ငေးရင်းပါလာ၏။

"Chanyeol..ငါမှန်ချချင်တယ်.."

"အအေးမိမယ် မချရဘူး.."

"မင်းကလေ တကယ် မုန်းချင်စရာကြီး.."

ပုကျု ပြောတာကို Chanyeolကြားရပေမယ့် ဘာ
မှပြန်မပြောဖြစ်...ခဏ ခဏ သာလှည့်ကြည့်နေမိ

ပြီး သက်ပြင်းတွေသာ ချနေမိသည်။

ဒီတစ်ခါ စမ်းသပ်မူက ပိုပြီး Chanyeol အတွက်
ပိုပြီး အသက်ရှူကျပ်စေသည်။ Sehun နဲ့ ချိန်းထားတဲ့ အပန်းဖြေ ဥယျဉ် တို့ရောက်တာမို့ ကား
ကို ပါကင်မှာ ရပ်လိုက်ပြီး ဝှီးချဲကို အရင်ပြေးချပြီး ပုကျု ကို ဆင်းဖို့ လုပ်ပေးလိုက်သည်။

ကြားရက်မို့ လူ မရှိသလောက်ရှင်းသည်။

လမ်းအတိုင်း ဝှီးချဲလေးကိုတွန်းခဲ့လိုက်တော့ ပုကျုက ဟိုငေး ဒီငေးဖြင့်ပါလာ၏။

Chanyeol မှာသာစိတ်ပူပြီး လျှာတသပ်သပ်ဖြင့်ရှိနေ၏။

လက်တစ်ဖက်ဖြင့်လဲ Sehun ထံကို ရောက်ပြီ ဆိုတဲ့ အကြောင်း စာရိုက်ပို့နေရသေးသည်။

" Pu Kyu "( Complete )Where stories live. Discover now