အပိုင်း (၁၀)
၃ ရက်လောက် အဆက်သွယ်ပြတ်ပြီးတဲ့နောက်ပိုင်းမှာ ရှောင်းကျန့်ဆီ ရိပေါ်ကပဲ စ,ပြီး ဆက်သွယ်ဖို့ ကြိုးစားတယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူက မနေနိုင်တဲ့သူ၊ ရှောင်းကျန့်ကတော့ နေနိုင်တဲ့သူလို့ အပစ်တွေတင်ရင်းနဲ့ "ကိုကို" ဆိုတဲ့ Contact Number လေးကို နှိပ်တယ်။
ပထမအကြိမ်
ဒုတိယအကြိမ်
တတိယအကြိမ်....စသည်ဖြင့် အော်ပရေတာရဲ့ အသံနောက်မှာ ဖြေကြားသူမဲ့နေတယ်။
ကိုကိုနဲ့ပတ်သတ်ရင် ဖြေဆိုသူမဲ့နေတဲ့ ဖုန်းသံတွေကို သူအရမ်းကြောက်တယ်။ ဟိုတစ်ချိန်ကလည်း ပြန်ရောက်ရင်ဖုန်းဆက်လိုက်နော် ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ အဝေးဆုံးထိဝေးခဲ့ကြတာကိုသတိရသွားတော့ နောက်တစ်ခေါက်များ သူ့ကို တစ်ကယ်ထားခဲ့ပြီလားဆိုတဲ့ ပူပန်မှုကြောင့် စိတ်ကအစိုးမရတော့ဘူး။
သည်တစ်ခါတော့ ရှောင်းကျန့်ဘယ်မှာရှိလဲသူသိတယ်။ ဟဲနန် မှမဟုတ်ရင် တိုကျိုအထိလည်း မြေလှန်ရှာမယ် လို့စိတ်ကူးတယ်။ သူက အရင်ကလို မျက်စိသူငယ် နားသူငယ်ဖြစ်ခဲ့တဲ့ ၁၃ နှစ်သား ရိပေါ် မဟုတ်တော့ဘူး။
ကိုကို ကျွန်တော့်ကို လွယ်လွယ်နဲ့ ပစ်ချခဲ့လို့မရဘူး။
ခရီးဆောင်အိတ်ထဲ အဝတ်တွေကို ထိုးကြိတ်ထည့်ရင်း ပါးပေါ်ကျကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ဆွဲသုတ်ပစ်လိုက်တယ်။ လေယာဉ်လက်မှတ်နဲ့ မှတ်ပုံတင်အပြင် လိုရမယ်ရ Passport ပါသယ်ပြီး ထွက်မယ်လုပ်တော့ မန်နေဂျာက ကမန်းကတမ်းပြေးလာပြီးတားတယ်။
"အစ်ကိုလေး ဝမ်၊ အကိုလေး အမေ ဆေးရုံတင်ထားရတယ်၊ နေ့လည်က ကုမ္ပဏီမှာ အစည်းဝေးပြီးတော့ မူးလဲလို့"
"ဘာ! ဘယ်ဆေးရုံလဲ၊ ငါ ညနေ လေဆိပ်ဆင်းရမှာမို့ အချိန်တော့ သိပ်မရဘူး၊ မင်း ကြည့်ပေးလိုက်ပါ"
မာမားကိုစိတ်ထဲကနေ တောင်းပန်လိုက်တယ်။ အခုအချိန်မှာ ရှောင်းကျန့်နဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်တော့မယ်လို့ မသိစိတ်က အချက်ပေးခေါင်းလောင်းမြည်နေသလို သူက ရှောင်းကျန့်နဲ့ ပတ်သတ်ရင် ရူးရူးမူးမူးဖြစ်တတ်တာ မာမားက အသိဆုံးမို့ သည်းခံနိုင်မယ်ပဲထင်ခဲ့ပေမယ့် မန်နေဂျာလုပ်သူက မရမက ဆွဲခေါ်တဲ့အပြင် သူ့ မာမားကပါ လာစေချင်နေတယ် ပြောတာကြောင့် လေယာဉ်ချိန်တွေ နောက်ရက်ရွှေ့ပြီး ဆေးရုံရောက်လာခဲ့ရတယ်။
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...