Extra (Unicode)

2.5K 200 14
                                    

မိဘမဲ့‌ဂေဟာ တစ်ခုရဲ့ အနီးဝန်းကျင်မှာ အပြီးတိုင် စွန့်ပစ်ခြင်းခံခဲ့ရသလား၊ ပြန်လာခေါ်ဖို့ပဲ ရည်ရွယ်ထားခဲ့လေလား မရေမရာနဲ့ "Wang"ဆိုတဲ့ မျိုးရိုးကလွဲပြီး တစ်ခြားအကမ်းအလှမ်းမရှိတဲ့ လသားအရွယ် ကလေးမလေး တစ်ယောက် မိုးစက်မိုးပေါက်တွေကြားမှာအော်ငိုနေခဲ့တယ်။

မွေးရာပါ ချောမောတဲ့ရုပ်ရည်နဲ့ သူမလေးဟာ မွေးစားလိုတဲ့မိဘတွေ တော်တော်များများရှိပေမယ့်လည်း အချိန်တန်ရင် အိမ်ကလာခေါ်မယ်ဆိုတဲ့အတွေးနဲ့ ပေတေပြီး ဂေဟာမှာပဲကပ်နေတယ်။ အရွယ်ရောက်လာတာနဲ့အမျှ သာမာန်ထက်ထူးကဲတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် သူမကိုလိုချင်သူတွေက ဝိုင်းဝိုင်းလည်နေတော့တယ်။

အနောက်တိုင်းသားတွေရဲ့ အလှအပ စံချိန်စံညွှန်းတွေကိုတောင် ချိုးဖျက်နိုင်တဲ့ မိန်းမလှလေး၊ မိဘအုပ်ထိန်းသူမရှိ ဂေဟာမှာကြီးပြင်းခဲ့တဲ့ မိန်းမလှလေးရဲ့ နာမည်က "Grace" မျိုးရိုးနာမည်နဲ့ပေါင်းလိုက်တော့ "Grace Wang".

ကံကြမ္မာဟာ အလှတရားတွေကို ဖျက်ဆီးလေ့ရှိတယ်။ သူမ အသက် ၁၂ နှစ်အရွယ်မှာပဲ ဂေဟာ မီးလောင်တယ်။ သူမကို သမီးရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ပေးတဲ့ ‌ဂေဟာမှူးက ထောင်ကျသွားခဲ့တယ်။ ခိုကိုးရာမဲ့နေတဲ့ ကလေးတွေကို မွေးစားမယ့် မိဘတွေက အသီးသီး လာခေါ်သွားကြပေမယ့် သူမလို့ မကြီးမငယ် အရွယ်ကလေး ကိုတော့ မွေးစားမယ့် မိဘတွေကမလိုချင်ကြတော့ဘူး။

အဲ့ဒီအစား သူမကို ရောင်းစားချင်သူတွေကသာ အနားကပ်လာခဲ့တယ်။ မှတ်မှတ်ရရ မိုးတွေရွာတဲ့ တစ်နေ့မှာ တစ်ခါမှမမြင်ဖူးတဲ့လူတွေက သူမကို အလုပ်ပေးပြီး ထမင်းကျွေးမယ်လို့ လိမ်ခေါ်ခဲ့တယ်။

ရွေးချယ်စရာမရှိ ဆာလောင်နေတဲ့ ဗိုက်ကိုဖိထားရင်း ထိုလူတွေရဲ့ ကားနက်ကြီးပေါ် တက်တော့မယ့်ဆဲဆဲ ဖြူဖြူပါးပါး လူကောင်သေးသေး ကောင်လေးတစ်ယောက်က စကားတစ်ခွန်းအော်ပြောရင်း သူ့ရှေ့လာရပ်တယ်။

"ရဲကားတွေလာနေပြီ။ နောက်လမ်းမှာ ရဲတွေ"

သူ့စကားသံအဆုံးမှာပဲ တဝီဝီမြည်တဲ့ အချက်ပေးသံတွေက သူတို့နဲ့ နီးနီးကပ်ကပ်ကို ရောက်လာတယ်။ ကားတံခါးကိုပိတ်လို့ အရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားတဲ့ ကားနောက် ထိုကောင်လေးရဲ့ ကျေးဇူးနဲ့ သူမကပါမသွားခဲ့ဘူး။

EVENING (Yizhan Story)Where stories live. Discover now