အပိုင်း (၁၂)
မစ္စဝမ် မပါတဲ့ခရီးကို ရိပေါ်ကတစ်ယောက်တည်းသွားဖို့တော့ စိတ်ကူးမရှိခဲ့ဘူး။ သည်အတွက် သူတော်တော်လေး စွန့်စားခဲ့ရတယ်။ ကယ်လီဖိုးနီးယားကိုသွားဖို့ လေယာဉ်လက်မှတ်နှစ်စောင်ကို သူ့နာမည်နဲ့ပဲ ဝယ်ခဲ့တယ်။ Plan A မဖြစ်ရင် Plan B ရှိတတ်တဲ့ ရိပေါ်က အဲ့သည်နေ့မှာ လေဆိပ်ကို လာဖို့ သူ့အမေနဲ့ ရှောင်းကျန့် နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ချိန်းခဲ့တယ်။
မစ္စဝမ်သာ သူနဲ့လိုက်ခဲ့ရင် ဘယ်တော့မှ တရုတ်ပြည်ပြန်ခွင့်ရမှာမဟုတ်ပေမယ့် ထောင်ထဲမှာတော့ မနေရဘူးပေါ့။ ဒါကတစ်နည်း...။
နောက်တစ်နည်းက သူတို့စီစဉ်ထားသလိုမဖြစ်ပဲ မစ္စဝမ်က ဟဲနန်မှာရှိနေတဲ့ ပြန်ပေးဆွဲခံထားရာက လွတ်ခါစ ရှောင်းကျန့်ကို တစ်နည်းနည်းနဲ့ အန္တရာယ်များပေးခဲ့မယ်ဆိုရင်...။
သည်အတွက်ရိပေါ်က ကြံရတယ်။
ဆေးစစ်ချက်တွေနဲ့ ခွင့်တစ်လတင်တဲ့ ရှောင်းကျန့်အကြောင်း ယွီပင်းဆီက သိသိချင်းမှာပဲ သူရှောင်းကျန့်ဆီ ဖုန်းလှမ်းဆက်ပြီး တတ်နိုင်သလောက် အစောဆုံးလေယာဉ်နဲ့ ပေကျင်းကိုလာခဲ့ဖို့မှာတယ်။
ဖြစ်နိုင်ချေ နည်းပေမယ့် အကယ်၍ နှစ်ယောက်လုံးရောက်လာခဲ့ရင်တော့ မျက်နှာချင်းဆိုင်ဖြေရှင်းပြီး မာမားကို ကို့ကို့ရှေ့ ဒူးထောက် တောင်းပန်ခိုင်းမယ် လို့စိတ်ကူးထားတယ်။
မစ္စဝမ်ရဲ့ မှောင်ခိုဖုန်းကို ရုံးခန်းထဲမသိမသာပြန်ထားခဲ့ပေမယ့် အထဲကအချက်အလက်တွေအကုန်လုံးကိုတော့ ယွီပင်းတို့ကို လွှဲပေးလိုက်ပြီးပြီ...။ သည်အကြောင်းတွေကို သိသွားရင် နောက်တစ်နည်း ကြံစည်နိုင်သေးတာမို့ ရိပေါ်က ယွီပင်းအကြံပေးတဲ့အတိုင်း မှင်သေသေနဲ့ နေပြရသည်။
အခုတော့ သူတို့အားလုံးခန့်မှန်းထားတဲ့အတိုင်း ဆေးရုံဆင်းတဲ့ ညနေမှာ ဝမ့်ရန် အဖေဆီဝင်လာတဲ့ဖုန်းကို ရဲတွေအားလုံးက စောင့်နားထောင်ခဲ့ပြီး နောက်တစ်နေ့ နေ့လည်မှာ ဟဲနန်လေဆိပ်ကိုရောက်လာတဲ့ မစ္စဝမ်ကို သက်သေနှင့်တစ်ကွ ဖမ်းမိလိုက်သည်။
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...