အချိန်တစ်ရက်တာ ကုန်ဆုံးဖို့ ကမ္ဘာကြီးကတစ်ပတ်ပြည့်အောင်လည်ရတယ်။
နှစ်တစ်နှစ် ကုန်ဆုံးဖို့အတွက် ဥတုရာသီ (၄) မျိုးကို ဖြတ်သန်းရတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ (၃) မျိုးပေါ့...။
တူညီတဲ့ မိုးကောင်းကင်အောက်မှာ တည်မြဲခြင်းဟာ သဘာဝတရားတစ်ခုသာရှိတယ်။
နှင်းမကျတဲ့ဆောင်းတွေနဲ့ မုန်တိုင်းတိုက်တဲ့နွေရာသီတွေကိုတော့ ချွင်းချက်တစ်ခုအဖြစ် သတ်မှတ်ထားတယ်။
တက္ကသိုလ်တက်နေတဲ့ ရှောင်းကျန့်က ကျောင်းပိတ်ရက်တွေနဲ့ အတန်းချိန်မရှိတဲ့နေ့တွေမှာ အနီးအနား ရွာလေးတွေဆီ ကုမ္ပဏီက ပေးထားတဲ့ ကားနဲ့ ပါဆယ်ထုပ်တွေ လိုက်ပို့ရတဲ့အလုပ်မျိုးကို အချိန်ပိုင်း အနေနဲ့ ဝင်လုပ်တယ်။ ကားမောင်းရုံသာဖြစ်တာကြောင့် သူ့အတွက်တော့ သိပ်မပင်ပန်းဘူးထင်ရပေမယ့်လည်း ကျောင်းစာတစ်ဖက်နဲ့မို့ အခက်အခဲဖြစ်တဲ့အချိန်တွေရှိလာတယ်။
ဘာပဲဖြစ်ဖြစ်သူ့အတွက်က ဒီအလုပ်ရနေမှဖြစ်မယ်။ အကြောင်းအရင်းက ရိပေါ်ကို Training ပို့ပေးနိုင်ဖို့။ ပေကျင်းမှာရှိတဲ့ Agency တွေက နာမည်ကြီးတဲ့အပြင် ဈေးလည်းကြီးတယ်။ ဒါ့ကြောင့် သူ့အနေနဲ့အခုတည်းက စုထားမှ ရိပေါ်ကျောင်းပြီးတဲ့အချိန်ကျရင် အချိန်မှီပို့နိုင်မှာဖြစ်တယ်။
ရိပေါ်က အထက်တန်းရောက်လာပြီမို့ ကျောင်းစာကိုသာအာရုံစိုက်ထားရတယ်။ ဒီရက်ပိုင်း မေမေ့ရဲ့ ကျန်းမာရေးက တစ်စတစ်စ ပိုပိုပြီးဆိုးလာသည့်အပြင် စကားများများပြောမိရင်တောင် မောပန်းနေတတ်တဲ့ မေမေကခေါင်းမာပြီး ဆေးရုံမသွားပဲ ဆေးမီးတိုနှင့်သာ သက်သာချင်ဟန်ဆောင်တယ်။ ဖေဖေကလည်း ဇွတ်မတိုက်တွန်းခဲ့...။ ဘာကြောင့်မှန်းမသိ တစ်ခုခုကိုကြိုသိနေတဲ့ပုံဆိုပေမယ့် သူတို့ ၂ ယောက်ကိုတော့ မေမေက သက်သာသွားမှာပါ ဆိုတဲ့စကားနဲ့ပဲ နှစ်သိမ့်ခဲ့တယ်။
စာမေးပွဲဖြေပြီးတဲ့နောက် ရိပေါ်ဟာ ရှောင်းကျန့်တစ်ယောက် ရွာဘက်တွေကိုပစ္စည်းပို့သွားရင် အမြဲလိုလို မရမက လိုက်တတ်တယ်။ အသက်မပြည့်သေးပဲ ရိပေါ်က ကားမောင်းကြည့်ဖို့ ပူဆာတဲ့အခါ လူရှင်းတဲ့ နေရာတွေရောက်ရင် ခနတစ်ဖြုတ် ပေးမောင်းရသေးတယ်။
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...