"ကံဆိုးမသွားရာမိုးလိုက်ရွာ" ဆိုတဲ့စကားပုံအတိုင်းပဲ ရှောင်းကျန့်ရဲ့ ဘဝမှာ မကောင်းတဲ့ ကံကြမ္မာဆိုးတွေက သူ့နောက်တစ်ကောက်ကောက်လိုက်တယ်။
သူ့ခြေထောက်က ကျိုးသွားတဲ့အပြင် စတီးရိုးထည့်ရမယ့်အနေအထားရောက်သွားတယ်။ တိုက်သွားတဲ့လူက တရုတ်ပြည်ရဲ့ ယာဥ်မောင်းလိုက်စင်မရှိတဲ့ နိုင်ငံခြားသားတစ်ယောက်ဖြစ်နေတာကြောင့် သူ့ကို အစစအရာရာ တာဝန်ယူပေးမယ်ပြောပြီး အမှုကျေအေးပေးဖို့တောင်းဆိုလာတယ်။ လိုအပ်ရင် နိုင်ငံခြားအထိပါ ဆေးကုပေးမယ်လို့လည်း ရဲတွေရှေ့ ကတိပေးထားတာကြောင့် သူက ကျေအေးပေးလိုက်ရတယ်။
အဲ့ဒီအချိန်မှာပဲ ဆေးရုံကို အရေးပေါ်ကားတွေထပ်ရောက်လာတယ်။ Emergency မှာ သူနာပြုတွေ ဆရာဝန်တွေ ရှုပ်ယှက်ခက်ကုန်တယ်။
"အမျိုးသမီးဖြစ်သူက နှလုံးရောဂါအခံရှိတယ်၊ On the spot ပဲ"
သူနာပြုလေးတစ်ယောက်ဆီမှ အသံသဲ့သဲ့လေးသူကြားရတယ်။ သူမကပဲဆက်ပြီး
"ဒါ ဒါ ဒါက ပါမောက္ခမဟုတ်လား၊ ပါမောက္ခရှောင်းလေ"
သူ့နားတွေထဲ သူနာပြုဆရာမလေးအသံက ပဲ့တင်ထပ်လာတယ်။ ပါမောက္ခရှောင်း၊ ပါမောက္ခရှောင်း တဲ့လား။ ဖေဖေပေါ့။
ကုတင်ပေါ်ကနေ ဝုန်းခနဲခုန်ဆင်းတယ်။ ခြေထောက်က မလှုပ်ရဘူးဆိုတဲ့အသိတွေ သူ့ဆီမှာမရှိတော့ဘူး။ လိုက်ကာခြားထားတဲ့ တစ်ဖက်ကုတင်မှာ ဖေဖေ့ကို နှလုံးခုန်စက်တပ်ပြီးအသက်ကယ်နေတဲ့ ဆရာဝန်တွေ။ ဒါကဘယ်လိုအခြေအနေလဲ။ မဖြစ်သင့်ဘူးမလား။ ဘုရားသခင်က အရမ်းရက်စက်ရာမကျဘူးလား။
"ပါး ပါပါး ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ၊ ကျွန်တော့်ကိုမထားခဲ့ပါနဲ့"
"မားရေ မား....ကယ်ကြပါဦး၊ ကျွန်တော့်အမေကိုဘာလို့ ဘာမှကုမပေးတာလဲ၊ မား ကိုလာကြည့်ပေးပါဦး"
ဒီစကားတွေပြောနေတဲ့အချိန်မှာ သူဟာ ခြေထောက်တစ်ဖက် တရွတ်ဆွဲနေတဲ့ အနေအထားမှာပဲရှိနေတယ်။ သူနာပြုဆရာမတစ်ချို့က သူ့ကို ဖြောင်းဖြပြီး မေမေ့ ကိုယ်ပေါ် အဝတ်ဖြူဖြူတစ်စ လွှမ်းခြုံပစ်လိုက်ကြတယ်။
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...