ပေကျင်းမြို့ရဲ့လမ်းမတွေဟာ မြို့ပြရဲ့ထုံးစံဖြစ်တဲ့ ယာဥ်ကြောပိတ်ဆို့မှုကြောင့် ကားတွေတစ်သီတစ်တန်းကြီးနဲ့ ပြည့်ကျပ်နေတယ်။ လူငယ်တွေဟာ သူငယ်ချင်းတွေအုပ်စုလိုက်နဲ့ တစ်ချို့လည်း စုံတွဲတွေကိုယ်စီနဲ့ ပန်းခြံ၊ ရုပ်ရှင်ရုံ နဲ့ စားသောက်ဆိုင်တွေမှာ အပြည့်။
ရိပေါ်က ၁၆ ထပ်မြင့်တဲ့ အဆောက်အဦးရှေ့ လူသွားစကြႅံက ခုံတန်းတစ်ခုမှာထိုင်ရင်း အရောင်အသွေးစုံလင်စွာနဲ့ ရှုပ်ရှုပ်ယှက်ယှက် သွားလာနေကြတဲ့လူတွေကို လိုက်ငေးနေတယ်။ မော်တော်ဆိုင်ကယ်အမြင့်ကြီးတွေစီးရင်း ဖြတ်သွားကြတဲ့ လူတွေကိုမြင်တော့ သူမအံ့သြပဲမနေနိုင်ဘူး။
ရောင်စုံစတေကာတွေအုပ်လို့ ခန့်ခန့်ညားညား ရှိလှတဲ့ ဆိုင်ကယ်အမြင့်ပေါ်က ကောင်လေးတွေကိုကြည့်ရတာ သူ့မျက်လုံးထဲ သိပ်ကိုမိမိုက်နေတော့တာပဲ။ ကောင်လေးတွေတင်မဟုတ်ဘူး ဆိုင်ကယ်စီး ကျွမ်းကျင်တဲ့ မိန်းကလေးတစ်ချို့ကိုလည်း သူတွေ့လိုက်တယ်။ အကုန်လုံးက မိမိုက်နေတာ။ ဒါ ပေကျင်းမြို့ရဲ့ လူကုန်ထံ အသိုင်းအဝိုင်းက လူငယ်လေးတွေ...။ သူ့ထက်တော့အသက်ကြီးလိမ့်မယ်၊ ကိုကိုတို့အရွယ်ပေါ့။
ခနနေတော့ ရှောင်းကျန့်က သူဝင်သွားခဲ့တဲ့ အဆောက်အဦးနဲ့ ဆန့်ကျင်ဘက်လမ်းကနေ ပြန်လာတယ်။
"ရိပေါ် ဗိုက်ဆာနေပြီလား"
"မဆာသေးပါဘူး၊ ဒါနဲ့ ကိုကိုဝင်သွားတာ ဒီဘက်မဟုတ်ဘူးလား"
"အင်း ဒါလေးသွားဝယ်တာ၊ ရိပေါ်ကိုခေါ်ပြီးမှပဲသွားမလို့ကို ရိပေါ်က ဆိုင်ကယ်တွေကိုလိုက်ကြည့်နေတာနဲ့ ထားခဲ့လိုက်တာ"
ပြောရင်းနဲ့ ရှောင့်ကျန့်က စက္ကူအိတ်ထဲက ငါးပေါင်မုန့် ပူပူလေးတွေကို ထုတ်ပေးလာတယ်။
"ရော့ ဒါလေးအရင်စားထားလိုက်၊ ပြီးရင် နားရမယ့်အိမ်ကိုသွားမယ်"
"ဝေးလား"
"သိပ်မဝေးတော့ဘူး ၁၀ မိနစ်လောက်လမ်းလျှောက်ရင်ရပြီ"
"ကားရော"
"ထားခဲ့ပြီလေ ကားပါကင်မှာ"
"ဟွန်း သူတို့က ကားတောင်ပေးမသုံးဘူးလား၊ ကပ်စေးနဲချက်ပဲ"
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...