အပိုင်း (၁၁)

1.7K 172 0
                                    

အပိုင်း (၁၁)

အမှောင်ခန်းထဲနေခဲ့ရတဲ့အချိန်တွေမှာ အားအင်မရှိတဲ့ကြားကနေ ဝမ့်ရန်အဖေရဲ့နောက်ကွယ်ကလူဟာ သူ့ဆီကစာတွေ ရိပေါ်ဆီမရောက်အောင် တားခဲ့တဲ့သူမှန်း သေချာသွားတယ်။ ဘယ်သူလည်း ဘယ်ကလဲ ဘာကြောင့်လဲဆိုတာထက် လောလောဆယ် ဒီနေရာကနေအမြန်ထွက်နိုင်ဖို့ကြိုးစားရမယ်ဆိုတဲ့ အတွေးတစ်ချို့မှာ နှာခေါင်းလုံးလုံး ပါးမို့မို့လေးတွေကို လွမ်းတဲ့စိတ်က တစ်ဝက်ကျော်ကျော်ပါတယ်။

အင်နဲ့အားနဲ့ ထွက်မပြေးနိုင်တဲ့ အခြေအနေမှာ သူလုပ်နိုင်တာက တစ်ခုတည်း။ ကင်မရာကို တည့်တည့်ကြည့်လို့ ရိပေါ်ကို ချစ်တဲ့အကြောင်းတွေ တန်းစီပြောပစ်လိုက်တာပဲ။ သည်လိုဆို နောက်ကွယ်က တစ်ယောက်က သူ့ရှေ့ရောက်ချ လာလိမ့်မယ်။ သူ့စိတ်ထဲမှာ ဒီအကြောင်းတွေ ရိ‌ပေါ်ကို မသိစေချင်ခဲ့တာတော့ အမှန်။ ဒါပေမယ့် ရှောင်းကျန့််က ဘယ်တုန်းကများ ဆုတောင်းပြည့်ခဲ့ဖူးလို့လဲ။

ဆေးစစ်ချက်တွေယူပြီး အခန်းထဲဝင်လာတဲ့ ယွီပင်းကိုရှောင်းကျန့်က အသာအယာခေါင်းညိမ့်ရင်း ပြုံးပြတယ်။

"ဒီတော့ မင်းပြောတဲ့ သက်သေတွေက ရိပေါ်ဆီကရတာပေါ့"

"ဟုတ်တယ်, အစ်ကို၊ အဲလေ ဆရာရှောင်း"

"ရပါတယ်၊ အစ်ကိုလို့ပဲခေါ်ပါ"

"ကျေးဇူးပါ၊ ရိပေါ်က ကျွန်တော့်ဆီလွှဲပေးတာက ဓါတ်ပုံတွေပါပဲ၊ ဆရာရှောင်းကိုထားတဲ့ အခန်းထဲက Camera ရဲ့ record တွေထင်ပါတယ်"

Camera က သေချာပေါက် ဓါတ်ပုံတွေပဲရိုက်တာမဟုတ် video တွေပါရိုက်ထားတာဖြစ်တဲ့အကြောင်း video sensor ကနေတစ်ဆင့်သိခဲ့ပေမယ့် ရှောင်းကျန့်က ဒီအကြောင်းနှုတ်ဆိတ်နေလိုက်တယ်။ သူပြောနေရင် ရိပေါ်ဘက်ကတစ်ခုခု ထိခိုက်သွားမှာစိုးရိမ်တဲ့အတွက်။

"အစ်ကို့ အနေနဲ့ ဝမ့်ရန်တို့သားအဖ အထူးသဖြင့် သူ့အဖေကို တရားစွဲလို့ရတယ်။ ဒါဆိုရင် အနည်းဆုံး ၃ နှစ်လောက်ထောင်ကျမှာ"

ရှောင်းကျန့်က ယွီပင်းကိုတအံ့တသြလှမ်းကြည့်တယ်။

"ယွီပင်း မင်း တစ်ခုခုကိုများမေ့နေတာလား"

EVENING (Yizhan Story)Where stories live. Discover now