၈ နှစ်နီးပါးလောက် စွန့်ခွာခဲ့တဲ့ မွေးရပ်မြေကို ပြန်ရောက်တော့ ပြောင်းလဲမှုတွေက ခပ်များများရယ်။ အရင်ကထက် များပြားလာတဲ့ လေကြောင်းလိုင်းတွေကြောင့် ရှုပ်ယှက်ခပ်နေတဲ့ ဝန်ထမ်းတွေနဲ့ ခရီးသည်တွေအပြင် ခရီးသည်လို့မထင်ရတဲ့ မိန်းကလေးငယ်ငယ်လေးတွေတော်တော်များများက ပေကျင်းလေဆိပ်တစ်ခုလုံးအပြည့်...။
ဒီလောက်လူတွေအများကြီး ခရီးထွက်တာ ဟုတ်တောင်ဟုတ်ရဲ့လားပေါ့။ ဒါမှမဟုတ် နိုင်ငံတော်အကြီးအကဲ တစ်ယောက်ယောက်များ ချစ်ကြည်ရေးခရီးစဉ်လာတာလား၊ တွေးနေတုန်းမှာပဲ သူ့နာမည်နဲ့ ဆိုင်းဘုတ်လေးကို မြင်သွားတယ်။
"Xiao Zhan" လို့ရေးထားတဲ့ English လက်ရေးက လိမ်စောင်းစောင်းနဲ့...။
လေဆိပ်အတွင်းကနေ အပြင်ထွက်လာတဲ့အထိ လူတွေက စုရုံးစုရုံးနဲ့ ရှိနေကြတုန်း။ ပန်းစည်းတွေကိုင်တဲ့သူနဲ့ Lens ပါတဲ့ ကင်မရာတွေချိန်သူကချိန်နဲ့ မြင်ကွင်းကတော်တော်လေး ရှုပ်ထွေးနေတယ်။
"ဖန်ရှင်း ဒီနေ့ကဘာနေ့လဲ၊ တရုတ်အသင်း ကမ္ဘာ့ဖလားမှာနိုင်လာလို့လား"
"ဟာ ဆရာကလဲ ပြောတော့မယ်"
ဖန်ရှင်းက သူ့ရဲ့ အမေးမမည်တဲ့ မေးခွန်းကို မဖြေပဲရယ်ရုံသာရယ်နေတော့ သူလည်းဘာမှဆက်မပြောတော့ဘူး။
"ဆရာ ဒီမှာညအိပ်မလား၊ ဟဲနန်ကို တန်းသွားမှာလား"
"ဟဲနန်ကိုတန်းသွားမယ်"
"ကားနဲ့ဆို ၈ နာရီကျော်လောက် ကြာမှာနော် ညနေလောက်မှရောက်လိမ့်မယ်"
"ရပါတယ်ဆိုကွာ မင်းတို့ပင်ပန်းရင် လမ်းမှာဆင်းနားလို့ရတာပဲ၊ အလျှင်မလိုပါဘူး"
"ဟုတ်ဆရာ၊ ဒါဆို နောက်မှာအိပ်ချင်အိပ်လိုက်ပါ၊ ကျွန်တော်ကရှေ့မှာထိုင်မှာမို့"
"ဟုတ်ပြီ၊ ဒါဆိုလည်း"
ရှောင်းကျန့်တို့ကားလေးက ပေကျင်းမြို့ထဲကိုဖြတ်ပြီး မောင်းလာရင်း မြို့ထဲက ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့ ထိုးရပ်လိုက်တယ်။
"ဆရာရေ၊ ကျွန်တော်တို့ မနက်စာမစားရသေးတာနဲ့ ဒီမှာရပ်လိုက်တာ၊ ပြီးမှခရီးဆက်တာပေါ့"
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...